နမ္မတူမြို့ရှိ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLAကတိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်း ရရှိခဲ့သည်ဟု ယ​နေ့ ဒီဇင်ဘာလ (၈)ရက်နေ့ ည​နေတွင် ထုတ်ပြန်လိုက်သည်။

နမ္မတူမြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF / TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ၂၈ ရက်နေ့ နံနက်(၁း၃၀)နာရီ အချိန်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများအား အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု​ဖော်ပြထားသည်။

TNLAက စစ်ကောင်စီတပ်ထံမှ ​ဟောင်ဝစ်ဇာ၂ လက်အပါအဝင် လက်နက်မျိုးစုံ ၊ခဲယမ်းအများအပြားသိမ်းဆည်းရရှိ ခဲ့သည်ဟု​ဖော်ပြထားသည်။ TNLA က ဒီဇင်ဘာ လအတွင်း မိုင်လုံ၊ နမ့်ဆန် ၊နမ့်ခမ်း ၊ မိုင်းတုံ နှင့် နမ္မတူမြို့များကို ဆက်တိုက်သိမ်းယူခဲ့ပြီး မိုင်းတုံမြို့သိမ်းပိုက်ခဲ့စဥ်ကလည်း လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ပြီး ​များလွန်း၍ ရေတွက်ရန်ပင်အခက်အခဲရှိခဲ့သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed