ရှမ်းမြောက် ပလောင်အုပ်ချုပ်ခွင့်ရ ဒေသမြို့တော် နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA အပါအဝင် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် မြောက်ပိုင်းညီနောင်မဟာမိတ်များက တိုက်ခိုက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ အမြောက် ၄ ခု၊လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံများစွာနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့‌တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီနေ့ထုတ်ပြန်ပါတယ်။

နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ အလုံးစုံ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ အလောင်း (၆၀)ကျော်နဲ့ စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်(၃၀)ဦး၊ မိသားစုဝင်(၃)ဦး၊ ရဲ(၆)ဦး၊ ရဲမိသားစုဝင်(၂၅)ဦး စုစုပေါင်း(၆၄) ဦး ဖမ်းဆီးရမိတယ်လို့ အသိပေးပါတယ်။ နမ့်ဆန်မြို့သိမ်းတိုက်ပွဲက ​တော်လှန်​ရေးအဖွဲ့​တွေသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေဟာအလွန်များပြားသတင်းဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ်

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed