ကရင်နီပြည်နယ်၊ ဖားဆောင်းနှင့် ဒီးမော့ဆို ဇူလိုင်လ ၂၈ ရက်နေ့ တိုက်ပွဲ တွင် စစ်ကောင်စီ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း ဒီးမော့ဆို PDF Demawso P D F-1102 က တရားဝင် သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် ဩဂုတ်လ ၁၀ ရက်နေ့ နှင့် ဩဂုတ်လ ၁၂ ရက်နေ့ ဒီးမော့ဆိုမြို့နယ် တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် စစ်မှုထမ်းကောင်း ဘွဲ့တံဆိပ်ရ အကြမ်းဖက်စစ်သားများ ပါဝင်ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်တချို့က ဆိုသည်။

KNDFဒု-စစ်ဦးစီးချုပ်တစ်ဦးဖြစ်သူ ကို မာဝီက ဩဂုတ်လ ၁၀ ရက်နေ့ တိုက်ပွဲ နှင့်ပတ်သက်၍ “တပ်မ၅၅ လက် အောက်ခံ ခလရ-၃ ကလော တပ်တွင်း အမျှ ဝေ သံတွေ ဆူညံကြရတော့မယ်။ ကရင်နီကိုလာတာကိုး” ဟုလည်းကောင်း၊ ဩဂုတ်လ ၁၂ ရက်နေ့ တိုက်ပွဲနှင့်ပတ်သက်၍ “ကလောမှာ ဒီနေ့အတွက် တပ်တွင်း အမျှဝေသံတွေထပ်ဆူညံရမဲ့တပ်ရင်းကတော့ တပ်မ ၅၅ လက် အောက် ခံ ခမရ-၁၁၂ ပဲဖြစ်ပါတယ်ခင်ဗျား ။ ထူးခြားချက်ကတော့ အရင်သမ္မတ နဲ့ ကာချုပ်တို့ချီးမြှင့်ထားတဲ့ စစ်မှုထမ်းကောင်း ဆုရထားသူတွေ ကို တွေ့ရ ပါတယ်” ဟုလည်းကောင်း လူမှုကွန်ရက်မှတစ်ဆင့် တိုက်ပွဲ အခြေအနေများကို ရေးသားဖော်ပြခဲ့သည်။

ကရင်နီတော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်တစ်ခုကမူ လက်ရှိ ဩဂုတ်လ ၁၃ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များက အင် အားအပြည့်ဖြင့် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲများ နေ့စဉ် ဆက် တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားသော်လည်း မြေပြင် အခြေအနေကို အသေးစိတ် ထုတ်ပြောရန် မသင့်သေးကြောင်း၊ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက အခြေအနေတည်ငြိမ်သောအခါ တိုက်ပွဲ အခြေ အနေ အသေးစိတ်ကို ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed