ရခိုင်ပြည်နယ်၊ မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၃၈၀) ကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၂၈ ရက်‌နေ့ ညမှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်ကစပြီး မင်းပြားမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၇၉)၊ (၃၈၀) နဲ့ (၅၄၁) တပ်ရင်းတွေကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရေကြောင်းပစ်ကူအပြင် စစ်အင်အားတွေပါဖြည့်တင်းပြီး ကာကွယ် နေပေမယ့် ခမရ (၃၈၀) တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပေါက်တော မြို့ကိုလည်း AA က ထိန်းချုပ်လိုက်ပြီလို့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ကျောက်တော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ ခမရ (၅၃၉) နဲ့ အမှတ် (၃၇၇) အမြောက်တပ်ရင်းကို ဇန်နဝါရီလ ၁၄ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ AA က သိမ်းပိုက်ခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed