August 8, 2023 || Tongsan Media Group ||

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်တွင် ကူကီး / ဇိုမီး နဲ့ ကသည်းလူမျိုးကြားပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်အတွင်းသို့ စစ်ဘေးရှောင် ကူကီး / ဇိုမီး လူမျိုး ၁၂၆၂၉ ဦးရှိတယ်လို့ ဩဂုတ် ၇ ရက်ကထုတ်ပြန်ထားပါတယ်။ စစ်ဘေးရှောင် အများစုဟာ မဏီပူရ်ပြည်နယ်နဲ့ကပ်ရပ် မီဇိုရမ်ပြည်နယ် ကိုလစီ (Kolasib) ခရိုင်တွင် ၄၄၄၃ ဦးရှိပြီး ဒုတိယအများဆုံးမှာ အိုင်ဇောလ်ခရိုင်တွင် ၄၂၇၂ ဦးနေထိုင်ကြပါတယ်။

ပြည်နယ်အစိုးရစာရင်းအရ စစ်ဘေးရှောင်စခန်း ၃၈ ခုထားရှိရာ ယင်းစခန်းတွင် စစ်ဘေးရှောင် ၂၇၈၀ ဦးနေထိုင်ကြပြီး ကျန် ၉၈၄၉ ဦးမှာ မိမိဘာသာ အိမ်ငှားပြီးနေထိုင်ကြကြောင်းသိရတယ်။ မဏီပူရ်ပြည်နယ်ဟာ ဒီနှစ်နွေရာသီကစပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားကြရာ အရင်ပတ်ကလည်း တစ်ရက်အတွင်း လူ ၆ ဦးသေဆုံးတယ်လို့ရတယ်။ မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ်သို့ စစ်ရှောင်စခန်း ၁၆၀ ဖွင့်လှစ်ထားပြီး၊ စစ်ဘေးရှောင်လူဦးရေး ၃၂၀၀၀ ကျော်ရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် စစ်ဘေးရှောင် ၇၀၀ ကျော်ရှိတယ်လို့သိရတယ်။

Source: Zalen

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed