August 19, 2023 | Tongsan Media Group |

မြန်မာနိုင်ငုံလုံးဆိုင်ရာ အေဂျီအသင်းချုပ်ရုံး(General Council of Assembly God Myanmar) ဦးဆောင်မှုဖြင့် ကလေးမြို့ကိုအခြေပြုလျှက် အမှုတော်ဆောင်ဆရာများကို သိက္ခာပေးခြင်းကို ဩဂုတ်လ ၁၂ရက် ၊၂၀၂၃ခုနှစ်(စနေနေ့့) နံနက် ၈းဝဝ နာရီ တွင် ကလေးမြို့ တောင်ဖီလာ အေဂျီဘုရားကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။လည်းကောင်းအခမ်းအနား၌ ရန်ကုန် အထွေထွေကောင်စီရုံးချုပ်မှ Revd.L.Zaw Hang ,DD (Superintendent G.C. AG)တို့ ဇနီးမောင်နှံ Revd. Suan Za Pau D Min. ( General Secretary G C. AG) တို့ ဇနီးမောင်နှံ Revd. Lal Sang Lian @ Sayama Sangpui နှင့် G. C,AG ရုံးတာ၀န်ရှိ Revd Akhi Zangyaw တို့ တက်ရောက်ကြာင်း သတင်းရရှိသည်

အခုသိက္ခာပေးခြင်း အခမ်းအနားသည် သုံးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ပြီးခဲ့သည့်မတ်လ၌ ကျင်းပရန်ရယ်ရွယ်ခဲ့သော်လည်းနိုင်ငံရေးအခြေအနေများကြောင့် ယခုချိန်မှ ကျင်းပနိုင်ခြင်းဖြစ်သည်ဟု ဆရာခမ်ပူက တုန့်ဆန့်မီဒီယာသို ပြောသည်။ယခု သိက္ခာပေးခြင်းသည် နိုင်ငံတဝှမ်းရှိ အေဂျီခရိုင်အသီးသီးမှ ‌ဒီစီ (၄)ကလေးကဘော်၊ ဒေစီ(၇)တီးတိန်၊ ဒေစီ(၉) ဟားခါး ထန်တလန်ဒေသ ခရိုင်သုံးခုစုပေါင်း၍ ပေးခြင်းဖြစ်သည်။

ဤသိက္ခာရရှိနိင်ရန်အတွက် သတ်မှတ်ထားသည်မှာ- ၁။ Exhoter နိုးဆော်ရဆရာခေါ် အချိန်ပြည့် အမှုတော်ဆောင်များ ၂။ Linsenced Minister (Exhoter သုံးနစ်ရပြီးသူ) ဥပမာ၊ နှစ်ခြင်းအသင်းတော်ံ၌ ကျင့်သုံးသော MC ရပြီးသူ ၃။ Linsenced Minister ၅ ဝါ ပြည့်သူများ လျှောက်ထားနိုင်သည်ဟုဆို၏။ ခုအကြိမ်၌ ဒီစီ(၄)မှ အမှုတော်ဆောင် ၅၄ဦး၊ဒေစီ (၇)မှ ၁၉ ဦး ၊ဒေစီ(၉)မှ ၁၃ဦး စုစုပေါင်း အမှုတော်ဆောင် ၇၈ဦး သိက္ခာပေးနိုင်ခဲ့ပြီး ကိုယ်တိုင် မတက်ရောက်နိုင်သူတသ်ချို့ရှိကြောင်း သိရှိရသည်။

ထို့ပြင် သိက္ခာခံသူများသည် သိက္ခာမခံယူမီ ဩဂုတ် ၁၁၊ ၂၀၂၃ ၌ ကလေးမြို့ ဖွာလ်ပီး အေဂျီဘုရားကျောင်းတွင် အနီးကပ်သင်တန်းနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ကြကြောင်း အိမ်ရှင်အသင်းတော်မှလည်း ကောင်းမွန်စွာ ဧည့်ခံကျွေးမွေးပြီး သိက္ခာပေးသည့်ပွဲနေ့၌လည်း အိမ်ရှင်တောင်ဖီလာအသင်းတော်မှ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေမွေးခဲ့ကြောင်း ကြားသိရပါသည်။

သတင်းပေးပို့သူ – ဆရာခမ်ပူ (စီ မီဒီယာ ကလေး)

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed