မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ဖြေရှင်းရေး အရင်က အာဆီယံ အဖွဲ့အကြား သဘောတူထားတဲ့ လက်ရှိ၊ အရင် နဲ့ နောင် အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံက အလွတ်သဘော ဦးဆောင် ကိုင်တွယ်ဖြေရှင်းရေး (Troika) ပုံစံကို ဆက်လက် ကျင့်သုံးနေတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ဒီနေ့ ဂျာကာတာမှာ ပြောဆိုပါတယ်။ ဖေဖော်ဝါရီ ၇ ရက်၊ ဒီကနေ့ ဂျကာတာမြို့မှာ အင်ဒိုနီးရှား သမ္မတ Joko Widodo ၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mohamad bin Hasan တို့နဲ့ အတူ တွေ့ဆုံဆွေးနွေးအပြီး ဝန်ကြီး Retno Marsudi ကြေညာချက် ထုတ်ပြန်တာကို အင်ဒိုနီးရှားအခြေစိုက် ANTARA သတင်းမှာ ဖေါ်ပြပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလက ဂျာကာတာမှာကျင်းပတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်နိုင်အောင် အာဆီယံအဖွဲ့ရဲ့ လက်ရှိ၊ အရင် နဲ့ နောင် အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံက အလွတ်သဘော ကိုင်တွယ်ဖို့ သဘောတူခဲ့ကြတာပါ။ အင်ဒိုနီးရှားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ကာလအတွင်း မြန်မာ့အရေး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု ၂၆၅ ကြိမ်လုပ်ခဲ့ပြီး ဒီမှတ်တမ်းတွေနဲ့ အဆက်အသွယ်တွေကို လက်ရှိ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့အကြောင်း Retno Marsudi က ပြောပါတယ်။

သံတမန်ရေးအရ ချဉ်းကပ်မှုပုံစံကို အထိရောက်ဆုံး ဆက်လက်ကျင့်သုံးဖို့ အင်ဒိုနီးရှားဘက်က ကြိုးပမ်းခဲ့တာကိုလည်း Retno Marsudi က ထည့်သွင်းပြောဆိုပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad bin Hasan ကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ဒေသတွင်းကို ပိုပြီး ပျံ့နှံ့မသွားအောင် အာဆီယံအနေနဲ့ လုပ်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed