ယူကရိန်း သမ္မတ ဇလန်စကီးဟာ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ ရောက်ရှိလာကြောင်း နော်ဝေအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဇလန်စကီးဟာ နော်ဝေ ဝန်ကြီးချုပ် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံကနေ အော်စလိုမြို့တော်ကို တိုက်ရိုက် ရောက်ရှိလာတာလို့ ဆိုပါတယ်။ အော်စလိုမြို့တော်မှာ ကျင်းပမဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်နဲ့ အိုက်စလန် နောဒစ် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပြီး ယူကရိန်း လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး တိုက်ပွဲကို ပိုမိုခိုင်မာစေမဲ့ ရေရှည် အကူအညီပေးရေး အဓိကထား ဆွေးနွေးမယ်လို့ နော်ဝေ ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ယူကရိန်း လွတ်လပ်ရေးနဲ့ လုံခြုံရေးဟာ နော်ဝေ အပါအဝင် နောဒစ်နိုင်ငံတွေရဲ့ လုံခြုံရေးဖြစ်တဲ့အတွက် ရုရှား ကျူးကျော် စစ်ကို သတ္တိရှိရှိ တွန်းလှန်နေတဲ့ သမ္မတ ဇလန်စကီး ဦးဆောင်တဲ့ ယူကရိန်းကို ဆက်လက်ကူညီပေးသွားမယ်လို့ နော်ဝေ ဝန်ကြီးချုပ်က ပြောထားပါတယ်။ ဇလန်စကီးဟာ အာဂျင်တီးနား သမ္မတ ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ကို ဆက်လက်သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဝါရှင်တန်မှာ လွှတ်တော်အမတ်တွေ၊ ကာကွယ်ရေး စက်မှုလုပ်ငန်းရှင်တွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့သလို သမ္မတ ဂျိုးဘိုင်ဒန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်လွှတ်တော်မှာ ယူကရိန်း အကူညီပေးရေးနဲ့ ပတ်သက်လို့ နှောင့်နှေးကြန့်ကြာနေပေမဲ့ ဇလန်စကီးရဲ့ ခရီးစဥ်မှာပဲ ဒေါ်လာ သန်း ၂၀၀ ဖိုး စစ်ရေး အကူအညီပေးကြောင်း အမေရိကန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed