August 28, 2023 || Tongsan Media Group ||

မွန်ပြည်နယ် ကျိုက်ထိုမြို့ အင်္ဂပိုကျေးရွာ ဒေါင်တောင်ကုန်းအနီးတွင် ယမန်နေ့ သြဂုတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ ယာဥ်တန်းအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တောကျီးကန်း PDF တပ်ဖွဲ့များပူးပေါင်း၍ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ထံကသိရသည်
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ခုနစ် ဦးရှိကြောင်း တောကျီးကန်းစစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။

“စစ်ကောင်စီယာဥ်တန်း လာတဲ့သတင်းရလို့ ကြားဖြတ်သွားတိုက်တာ စစ်ကောင်စီ ဘက်က ကားတစ်စီး ပျက်စီးပြီး အထိနာသွားတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အင်္ဂပို ရွာဘက်ကို ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပျက်စီးသွားတဲ့ ကားကို ဆွဲယူသွားတယ်။နောက်ဆက်တွဲ တိုက်ပွဲဖြစ်စဉ်ကို သိရတာတော့ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေပြီး ခုနစ်ဦး ဒဏ်ရာရတယ်။ သေတဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို တော်ဝင်ကားနဲ့ သယ်သွားတယ်” ဟု တောကျီးကန်းစစ်ကြောင်း တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို တော်ဝင် အဝေးပြေးကားဖြင့် ပြန်လည် သယ်ဆောင်သွားပြီး ကားလမ်းပေါ်ရှိ ဆီဘောက်ဆာ ကားတစ်စီးကို ပစ်ခတ်ခဲ့ ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မရမ်းကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ စခန်းချတပ်စွဲနေ၍ KNLA နှင့် တောကျီးကန်း PDF ပူးပေါင်းစစ်ကြောင်းများမှ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့ပြီး ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

Source: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed