စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ရွှေပြည်အေးမြို့အား ယနေ့(နိုဝင်ဘာ ၂၃ရက်)၊ မနက်အစောပိုင်းမှ စတင်ကာPDF ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦးဖမ်းဆီးရမိခဲ့ကာ၊ မြို့သိမ်းနိုင်ရန် စခန်းငယ်တစ်ခုသာကျန်ရှိတော့ကြောင်း ခန္တီးခရိုင် ပကဖထံမှ သိရသည်။ ” ဒီနေ့ ရွှေပြည်အေးမြို့က စစ်ကောင်စီတပ်၊ ပြည်သူ့စစ်၊ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တပ်အထိုင်စခန်း တွေကို လေကြောင်းတိုက်ခိုက်မှု တွေကြားကနေ ကျတော်တို့ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့တယ်။ ရန်သူ ၈ဦး အရှင်ဖမ်းဆီးနိုင်ခဲ့တယ်။ မြို့သိမ်းပိုက်နိုင်ဖို့က စစ်ကောင်စီတပ်ရဲ့ စခန်းငယ်တစ်ခု ကိုတိုက်ဖို့ကျန်‌တော့တယ်” ဟု ခန္တီးခရိုင်ပကဖ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၈ ဦးတွင် စစ်သား၊ ပြည်သူ့စစ် နှင့် SNA တပ်သားများပါဝင်ပြီး၊ ကာဘိုင်၊ G3 ၊ တူမီးနှင့် ၆၀ မမစိန်ပြောင်းအပါအဝင် လက်နက်မျိုးစုံ အလက် ၃၀ခန့် နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ ရွှေပြည်အေးမြို့ရှိ စစ်ကောင်စီ အထိုင်တပ်စခန်းများအား အမှတ်၁ စစ်ဒေသ PDF တပ်ရင်း၊ မြို့နယ်ပကဖ၊ပလဖ ပူးပေါင်းတပ်များ၊ မဟာမိတ်တပ်ဖွဲ့များ စုစည်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ရွှေပြည်အေး ကို PDF ကသိမ်းပိုက်နိုင်ရင်တာ့ ချင်းတွင်းမြစ်ကြောင်း စိုးမိုးလို့ရသွားမှာပေါ့၊ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့ လည်း စစ်ကောင်စီတပ်က ခံစစ်ပြင်နေကြတယ်။ ဖောင်းပြင်မြို့နယ်၊ လွင်ကြီးစခန်းလည်း တိုက်ခံနေရ တယ်လို့သိရ တယ်။ တိုက်ပွဲတွေ‌‌ဖြစ်နေတော့ ဒေသခံတွေက ပြေးနေရတယ်” ဟု ဖောင်းပြင်မြို့ခံတစ်ဦးက ပြောသည်။ ဟုမ္မလင်း မြို့နှင့် ဖောင်းပြင်မြို့အကြားရှိ ရွှေပြည်အေးမြို့သည် ချင်းတွင်းမြစ်အထက်ပိုင်း ကုန်းလမ်း‌၊ ရေလမ်း အချက်အခြာကြသည့် မြို့ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed