ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၉ တပ်မှ စစ်ကောင်စီသား ၃ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်-ZFU (PDF-Zoland) ထံ ဇန်နဝါရီလ ၇ ရက်နေ့မှာ လက်နက်အပြည့်စုံဖြင့် အလင်းဝင်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့ စစ်ကောင်စီ ၃ ဦးဟာ CDM ပြုလုပ်သူများကို ကူညီပေးတဲ့ CSA အဖွဲ့ထံကနေတစ်ဆင့် အလင်းဝင်ရောက်လိုကြောင်း ဆက်သွယ်ခဲ့ပြီး တီးတိန်အခြေစိုက် PDF-Zoland တပ်ဖွဲ့ဝင်များကတာဝန်ယူကာသွားရောက်ခေါ်ဆောင်ပေးခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။

“သူတို့ လက်နက်အပြည့်စုံပါလာတယ်။ CSAနဲ့ချိတ်တာဆိုတော့ ဆုချီးမြင့်တာတော့ တစ်ယောက်စာဘဲ ကျွန်တော်တို့တာဝန်ယူပေးထားတယ်။ ၃ ယောက်လုံးက လုံခြုံတဲ့နေရာရောက်ပြီ” လို့ PDF-Zoland စစ်ရေးတာဝန်ခံ ကို ဂီဒီအွန် (Gideon) က ပြောပါတယ်။

အလင်းမဝင်သေးတဲ့ ရဲနှင့်စစ်ကောင်စီတပ်သားများအနေနှင့် တစ်နိုင်ငံလုံးမြို့သိမ်းပွဲဆင်နွဲနေပြီဖြစ်လို့ မင်းအောင်လှိုင်အတွက် အသက်မပေးပဲ နိုင်ငံအသစ်ထူထောင်တဲ့အခါမှာ မိသားစုနှင့်အတူအသက်ရှင်နိုင်ဖို့ အမြန်ဆုံးအလင်းဝင်ရန်နှင့် အလင်းဝင်ရောက်လိုတဲ့ ရဲနှင့်စစ်သားများကို နွေးထွေးစွာကြိုဆိုနေတယ်လို့လည်း သူကပြောပါတယ်။ PDF-Zoland ထံစစ်ကောင်စီတပ်သားနှင့်ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်သူအယောက် ၃၀ ကျော် ရှိနေပြီဖြစ်တယ်လည်းလို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed