August 10, 2023 || Tongsan Media Group ||

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီး ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၁ နာရီခန့်မှ စတင်ကာ ၄ စစ်ကောင်စီခြေမြန်တပ်ရင်း ၅၈၉ ဦးဆောင်လာသည့် အင်အား ၆၀ခန့်ပါ စစ်ကြောင်းနှင့် KNLA၊ PDF ပူးပေါင်းအထူးကွန်မန်ဒိုတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကာ ဒဏ်ရာတော်တော်များများရသွားတယ်။ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းနိုင်ခဲ့ကြောင်းအမှတ် (၂ ) စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲ​ဘော်တင်ဦးက​ အတည်ပြုပြောကြားသည်။

စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားမှုရှိနေ၍ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ရွာအပြင်ဖက်တွင် လုံခြုံရေးယူထားစဉ် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲအပြင်းထန်ဖြစ်ပွားခြင်းဟုသိရသည်။ တောင်ပိုင်းတိုင်းအမှတ် (၂ )စစ်ဒေသခွဲ၊အထူးကွန်မန်ဒိုစစ်ကြောင်းမှ ရဲဘော်ကျော်ကြီး ဦးခေါင်း လက်နက်ငယ်ထိမှန်ကာကျဆုံးခဲ့ပြီး ရဲ​ဘော်တစ်ဦးဒဏ်ရာရခဲ့သည်ဟုသိရသည်။ “ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ မနေ့(သြဂုတ် ၉)က လက်နက် ၁၈ လက်ရထားတယ်။ ဒီကနေ့မနက် ခြောက်လက်ထပ်ရတယ်။ ရန်သူ့ထံက လက်နက် ၂၄ လက်ရထားပါတယ်”ဟု အထူးကွန် မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)မှ ရုံးထိုင်မှူးက ပြော သည်။

အထက်ပါတိုက်ပွဲသည် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၉ နာရီကြာဖြစ်ပွားခဲ့ပြီးဒဏ်ရာရ ရဲ​ဘော်မှာမစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ စက်လတ်တစ် လက်၊ MA 1 ရှစ်လက်၊ MA 2 တစ်လက်၊ MA3 တစ်လက်၊ MA 4 တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ ဒရုန်းပစ်တစ်လက်၊ ကျည်အိမ် ၁၂ ခု၊ ၆၀ မမ ဗုံးသီးတ ချို့နှင့် ကျည်ဆန်အများအပြားရရှိထားကြောင်း အထူးကွန်မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)က အသိ ပေးသည်။ အထက်ပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ပိန်းဇလုပ် အခြေစိုက် ခမရ-၂၆၄ အပြင် ကျောက်တံခါးမြို့နှင့် သူဌေးကုန်းတွင် တပ်စွဲထားသော စစ်ကောင် စီတပ်များက လက်နက်ကြီးပစ်ကူပေးခြင်း၊ လေ ကြောင်းမှ နှစ်ကြိမ်လာရောက်၍ ပစ်ကူပေးခြင်းများရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ယမန်နေ့ နံနက်ပိုင်းကစပြီး ကျောက်တံခါးမြို့နယ်အတွင်းရှိ ဗောဓိကွင်း၊ နံဇ၊ သူ ဌေးကုန်း၊ တောင်ခင်၊ ရေတွင်းကုန်းစသည့် ကျေး ရွာအုပ်စုများမှ ပြည်သူများအနေဖြင့် ည ၆ နာရီမှ မနက် ၆ နာရီအတွင်း သမင်အင်းကုန်း-ကျောက်တံခါး၊ သ မင်အင်းကုန်း-သူဌေးကုန်း လမ်းများအား သွားလာခြင်းမပြုကြရန် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)က သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်က ယခုလ(သြဂုတ်)၃ ရက်တွင် ပထမအကြိမ်စစ်ကြောင်းထိုးခဲ့စဥ်ကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ လေးဦးသေ၊ လေးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။

Source: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed