အစ္စရေးအနေနဲ့ ဟားမာ့စ်ကို အကြွင်းမဲ့ အောင်နိုင်တဲ့အထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကပြောခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် ကပြောပါတယ်။

လက်ဘနွန်က ဟစ်ဇ်ဘိုလာနဲ့ ယီမင်က ဟူသီတွေ အပါအဝင် ဒေသတွင်း ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ အစ္စရေးကိုရောက်ရှိလာတဲ့ ဂျိတ်ဆူလီဗန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟု ရုံးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ဟားမာ့စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေး၊ ဂါဇာက အရပ်သားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက်ပေးအပ်ရေးကိစ္စတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဂါဇာကမ်းမြောင်မှာ စစ်ဆင်ရေးတွေအသွင်ကူးပြောင်းနိုင်ဖွယ်ရှိတယ်လို့ ဂျိတ်ဆူလီဗန်က ဒီဇင်ဘာ ၁၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ သူ့ရဲ့ ကာလရှည်ကြာမဟာမိတ် အစ္စရေးအတွက် သံတမန်ရေးရာ အကာအကွယ်ပေးထားပေမယ့် ဂါဇာမှာ အရပ်သားတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်ကပြောဆိုထားပြီး ဒါကိုထပ်မံတိုးမြှင့် သတိပေးထားပါတယ်။

စစ်ပွဲရဲ့အကျိုးဆက်တွေ အရှိန်အဟုန်နဲ့ တိုးမြင့်လာတဲ့အတွက် အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုမှုတွေကို နေတန်ယာဟုက ပယ်ချခဲ့ပါတယ်။ တိုက်ပွဲတွေရပ်တန့်ဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေကို ပိတ်ဆို့ပေးတဲ့အတွက် အမေရိကန်ကိုလည်း ကျေးဇူးတင်တယ်လို့ အစ္စရေးက ပြောဆိုခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed