ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ(MOD)က ထုတ်ပြန်သည်။ သောင်သွပ်စံပြကျေးရွာမှ စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလ ၅ရက်နေ့၊ နံနက် ၆ နာရီတွင် အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူး တပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖတို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကာကွယ်​ရေးဝန်ကြီးဌာနက တိုက်ပွဲသတင်းကို ကနဦးထုတ်ပြန်ထားခြင်းဖြစ်ပြီး အ​သေးစိပ်အချက်အလက်များမ​ဖော်ပြ​သေး​ပေ။ ထုတ်ပြန်​သော သတင်းဓါတ်ပုံများတွင် ​သောင်သွပ်ရွာရှိ စစ်​ကောင်စီလက်​အောက်ခံ ရဲစခန်းနှင့် ပြည်သူ့စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထား​သော ဓါတ်ပုံများပါဝင်သည်ကို​တွေ့ရသည်။

ဟုမ္မလင်းမြို့နယ်တွင် ဒီဇင်ဘာလ ၁၉ရက်ကလည်း ဇီးပင်သာ၊နောင်ဆန်းကျင်နှင့်တီလောင်ရွာအနီးမှ စစ်ကောင်စီနှင့် ရှမ်းနီတပ်ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့အပြင် ဟုမ္မလင်းမြို့နယ်ရှိ ​ရွှေ ပြည်​အေး မြို့ ကို ​တော်လှန်​ရေး တပ် ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed