အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ်တွင် မေလဆန်းပိုင်းကကူကီး-ဇိုနှင့်ကသည်လူမျိုးများလူမျိုးရေးပြသနာအရေးခင်းကြောင့်ကူကီးဇို(Kuki-Zo) လူမျိုးအချို့သတ်ဖြတ်ခံခဲ့ရပါတယ်။ အဆိုပါ‌သတ်ဖြတ်ခံခဲ့သည့်ရုပ်ကလပ် အလာင်းများကိုအင်ဖာလ်းမြို့ JNIMSနှင့် RIMS Morgue တွင်ထားရှိတာဖြစ်ပြီး ထုတ်ယူနိုင်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ သတ်ဖြတ်ခံထားရသော ကူကီး-ဇို (Kuki-Zo) လူမျိုးရုပ်ကလပ်များကို ဗဟိုအစိုးရတပ်ဖွဲများ၏အကူအညီဖြင့်ထုတ်ယူနိုင်ခဲ့တာဖြစ်သည်ဟု ဒေသအခြေစိုက်သတင်းများတွင်ဖော်ပြထားပါတယ်။ ထိုရုပ်ကလပ်အလောင်းများကို ဒီဇင်ဘာ ၁၄ ရက်မနက် ၂ နာရီခန့်တွင် Helicopter အသုံးပြုပြီး IAF အဖွဲ့ဦဆောင်မူ့ဖြင့် Lamka (လမ်ကား)မြို့တွင် ၄၁ ဦးအလောင်းနှင့် Kangpokpi(ကန်ပေါ့ပီး)မြို့တွင် ၁၉ ဦးအလောင်းတို့ကို အသီသီးသယ်ယူပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Kangpokpi(ကန်ပေါ့ပီး)မြို့ သို့ရောက်ရှိနေတဲ့ လူပေါင်း ၁၉ ဦးရုပ်ကလပ်အလောင်းများကိုဒီဇင်ဘာ ၁၅ ရက်နေ့တွင်နား‌ရေးပြုလုပ် ဂုဏ်ပြုသဂြိုခဲ့ကြတာဖြစ်ပါတယ်။ Lamka(လမ်ကာ)မြို့သိုရောက်ရှိနေသည့်ရုပ်ကလပ်များကိုသဂြိုမည့်နေ့ရက်ကိုအတိကျဖော်ပြထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed