ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော် အနီးကို ဇန္နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းမှာ အစ္စရေးက လေကြောင်းက တိုက်ခိုက်လို့ အီရန်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးချုပ် အဘူ ဆဒတ် အပါအဝင် စစ်အရာရှိ ၄ ဦးသေဆုံးခဲ့ရကြောင်း အီရန်အစိုးရ သတင်းဌာနက ဖော်ပြပါတယ်။ အီရန် စစ်အရာရှိတွေနဲ့အတူ ဆီးရီးယား အဆင့်မြင့် အရာရှိ တော်တော်များများလည်း သေဆုံး ဒဏ်ရာရတယ်ဆိုပါတယ်။

အီရန် ထောက်လှမ်းရေး အရာရှိတွေနဲ့ ဆီးရီးယားစစ်တပ် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးနေချိန်မှာ ပစ်ခတ်တိုက်ခိုက်ခံရတာလို့ အီရန်နဲ့ ဆီးရီးယား သတင်းတွေက ဖော်ပြပါတယ်။ အဆင့်မြင့် စစ်အရာရှိတွေကို ရွေးချယ် လုပ်ကြံ သတ်ဖြတ်နေတဲ့ အစ္စရေး ဇီယွန် အစိုးရကို အပြင်းအထန် လက်စားချေ တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ အီရန်စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed