အဖွဲ့ဝင်နိုင်ငံတွေလုံခြုံရေးနဲ့ ယူကရိန်းကို ဆက်လက်ကူညီပေးရေးအတွက် လက်နက်ကြီး အမြောက်ကျည် ဒေါ်လာ သန်း ၁၂၀၀ ဖိုး ဝယ်ယူထုတ်လုပ်ဖို့ အတွင်းရေးမှူးချူပ် ယန် စတိုတင်ဘာ့ဂ်နဲ့ နေတိုးလက်နက်ဝယ်ယူစုဆောင်းရေးအေဂျင်စီတာဝန်ခံ စတေစီ ကမ်မင်န်တို့ ဇန္နဝါရီလ၂၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးကြောင်း နေတိုးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သဘောတူ လက်မှတ်ရေးထိုးပွဲကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တော်က နေတိုးဌာနချုပ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ရုရှားကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံတွေက လက်နက်ကြီးကျည်တွေ စဥ်ဆက်မပြတ်ကူညီပေးဖို့ဆိုရင် အဖွဲ့ဝင်နိုင်ငံတွေမှာလည်း လုံလောက်တဲ့ ကျည်တွေရှိနေဖို့လိုတယ်လို့ ယန် စတိုတင်ဘာ့ဂ် က ဆိုပါတယ်။ ရုရှားရဲ့ ကျုးကျော်စစ်ဟာ ခဲယမ်းမီးကျောက်တိုက်ပွဲအသွင်ဖြစ်လာတဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေမှာ လိုအပ်တဲ့ခဲယမ်းတွေ အချိန်မှီ ပြန်ဖြည့်ဆီးနေနိုင်ဖို့ အရေးကြီးတယ်လို့ စတိုတင်ဘာ့ဂ်က ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေအတွက် ဒေါ်လာ ၁၀ ဘီလျံဖိုး လက်နက်ခဲယမ်းဝယ်ယူဖြည့်ဆီးဖို့ သဘောတူ စာချုပ်တွေ ချုပ်ဆိုခဲ့ပြီးဖြစ်လို့ အခုစာချုပ်နဲ့ဆိုရင် စုစုပေါင်း ဒေါ်လာ ၁၁ ဘီလျံကျော် (သန်း တသောင်းကျော်)ဖိုး ရှိနေပြီလို့ စတိုတင်ဘာ့ဂ်က ပြောပါတယ်။

ဝယ်ယူထုတ်လုပ်စုဆောင်းဖို့ သဘောတူစာချုပ် ချုပ်ဆိုပြီးတဲ့အထဲမှာ Patriot ဒုံးကျည်တွေအတွက် ဒေါ်လာ သန်း ၅ ထောင်ကျော် ၁၅၅ မီလီမီတာအမြောက်နဲ့ကျည်တွေ တင့်ကားဖျက်ဒုံးကျည်နဲ့ တင့်ကားကျည်တွေအတွက် ဒေါ်လာ သန်း ၄ ထောင် ပါဝင်တယ်လို့လည်း နေတိုးစစ်ရေးမဟာမိတ်အဖွဲ့အတွင်းရေးမှူးချူပ် ယန် စတိုတင်ဘာ့ဂ် က ပြောသွားပါတယ်။

NATO Secretary General Jens Stoltenberg and the General Manager of the NATO Support and Procurement Agency (NSPA), Stacy Cummings

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed