အမေရိကန်ရဲ့ ဇန္နဝါရီလ ၂၀ ရက်နေ့ညပိုင်းက တိုက်ခိုက်မှုမှာ ဟူသီအဆင့်မြင့် စစ်ခေါင်း ဆောင်တဦးနဲ့ အီရန်ဒုံးကျည်အကြံပေးအရာရှိ ၂ ဦးသေဆုံးသွားရကြောင်း ယီမင်အခြေစိုက် သတင်းတွေက ဖော်ပြပါတယ်။ ယီမင်နိုင်ငံ Shaab Al-Makhdara ဒေသက ဟူသီဒုံးကျည်အခြေစိုက်စခန်းကို အမေရိကန်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပင်လယ်နီထဲကို ဒုံးကျည်ပစ်ခတ်ဖို့ နေရာယူ ရောက်ရှိနေချိန်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ယီမင်သတင်းတွေက ဖော်ပြပါတယ်။

ဟူသီ အဆင့်မြင့်စစ်ခေါင်းဆောင်နဲ့ အီရန်အကြံပေးတွေရဲ့ အမည်နာမတွေကိုတော့ သတင်းတွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။ ဟူသီဒုံးကျည်စခန်းတွေကို ဇန္နဝါရီလ ၂၀ ရက်နေ့ တရက်ထဲမှာတင် အမေရိကန်တပ်တွေက နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ယီမင်သတင်းတွေက ဖော်ပြပါတယ်။ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်ဦးစီးချုပ်ရုံးကလည်း ပင်လယ်နီထဲကို ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ ဟူသီပဲ့ထိမ်းဒုံးကျည်တွေကို အမေရိကန်တပ်တွေက ဇန္နဝါရီလ ၂၀ ရက်နေ့က ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed