ရခိုင်ပြည်နယ်၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၃၇၇) အမြောက်တပ်နှင့် ခမရ (၅၃၉) တို့ကို ဇန်နဝါရီလ ၁၄ နှင့် ၁၆ တို့တွင် သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် ခမရ (၅၃၉) သည် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်းတစ်ခုဖြစ်သည်။


အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၃) နည်းဗျူဟာအဖွဲ့ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ညီညီဝင်းကို AA က ဖမ်းဆီးရမိထားပြီး ဒဏ်ရာအပြင်းအထန်ရရှိထားသော ၎င်းကို AA က ဆေးကုသပေးထားသည်။ စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်ကြသည့် ခမရ ၃၇၄, ၃၇၅, ၃၇၆ တပ်ရင်းနေရာများတွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ပြင်းထန်ဆဲဖြစ်သည်ဟု ညီနောင်သုံးဖွဲ့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed