ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနဲ့ အဖော်ဖြစ်သူတို့ကို ချင်းတော်လှန်ရေးတပ်များက ဖမ်းဆီးရရှိခဲ့တယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်တချို့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ချင်းအမျိုးသားတပ်မတော် CNA က အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနဲ့ အပေါင်းအပါတို့ကို ဖမ်းဆီးရရှိတာဖြစ်ပြီး ဒုအရာခံဗိုလ်ဟာ ခလရ ၂၆၆ ခြေလျင်တပ်ရင်းက ဖြစ်သလို ၂၀၂၁ ခုနှစ်မှာ စစ်မှုထမ်းဆောင်ရန် မသင့်ဆိုတဲ့ ဆေးဘက်ဆိုင်ရာ တွေ့ရှိချက်နဲ့ တပ်မှ အငြိမ်းစားယူခဲ့သူဖြစ်ပြီး စစ်တပ်မှာ ၁၉၈၀ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံနေတဲ့ ဗီဒီယိုထဲမှာတော့ အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနဲ့ အပေါင်းအပါ၂ ဦးကို ဖမ်းဆီးရရှိပြီး CNA တာဝန်ရှိသူတချို့က စစ်ဆေးနေတာကို မြင်တွေ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed