August 27, 2023 || Tongsan Media Group ||

အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုများ၏ စစ်သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို တောတွင်း တစ်နေရာရှိ ဗဟို ဌာနချုပ်တွင် ယနေ့ (သြဂုတ်၂၇) က ပြုလုပ်ခဲ့သည်။ ယင်းသင်တန်းတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (CRC-PLA) ၏ တပ်ပေါင်းစုဝင် တပ်ဖွဲ့များဖြစ်သော Student’s Force( ကျောင်းသားတပ်ဖွဲ့ ) MDA.SA ( စစ်အာဏာရှင်စနစ်တော်လှန်ရေးအထူးတပ်ဖွဲ့ ) နှင့်အခြားတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း CRC-PLA က ဖော်ပြခဲ့သည်။

ထို့အပြင် စစ်သင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နယ်မြေခံအဖွဲ့အစည်း များနှင့် အခြား မဟာမိတ်ညီနောင်တပ်ဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း CRC – PLA က ဆိုသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (CRC-PLA) အနေဖြင့် ဒေသခံတော်လှန်ရေး အင်အားစုများနှင့် လက်တွဲ၍ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင်အောင် သွားမည်ဖြစ်ကြောင်းလည်း ကတိသစ္စာပြုခဲ့သည်။

Ref: People’s Spring

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed