August 15, 2023 || Tongsan Media Group ||

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကတည် းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရာလူပေါင်း ၅၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မြေပြိုမှု ကြောင့် အဆောက်အအုံ ပျက်စီးသွားခဲ့ပြီး လူတွေက အပျက်အစီး အောက်မှာ ပိတ်မိနေသူကို ကယ်တင်ဖို့ ကျောက်တုံးတွေ၊ အပျက်အစီးတွေကို ရှင်းလင်းနေတာကို ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါ တယ်။ အဲ့ဒီသေဆုံးသူတွေထဲက ၉ ဦးဟာ ဟိန္ဒူဘာသာရေး ဘုရားကျောင်းတစ်ခု ပြိုကျတဲ့အထဲမှာပါသွားခဲ့ တာလို့ အာဏာပိုင်တွေက မနေ့ကထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လွန်ခဲ့တဲ့လကလည်း လူပေါင်း ၉၀နီးပါးသေဆုံးခဲ့ရတယ်လို့သိရပြီး၊ မြို့တော်ဒေလီမှာလည်း မြို့ကိုကွေ့ပတ်စီးဆင်းတဲ့ ယမုံနာမြစ်ရေဟာ လွန်ခဲ့တဲ့ ၁၉၇၈ခုနှစ်နောက်ပိုင်း အမြင့်ဆုံးရေအမှတ်အထိရောက်ရှိခဲ့တယ်လို့သိရပါတယ်။

Source: Citizen Journalist

Translated: Tongsan Admin Team

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed