ဂျပန် နိုင်ငံ Oita, Beppu မြို့ ရှိတဲ့ Asia Pacific University မှာ နိုင်ငံတကာ ဆက်ဆံရေး (International Relations) ဒုတိယနှစ် တက်နေတဲ့ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူ Lia Dim Sian Muang Thaw ဟာ ဇန်နဝါရီလ ၅ ရက်နေ့ ဂျပန်စံတော်ချိန်မနက် ၁၂: ၉ မိနစ်(သန်းခေါင်) နာရီမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတယ်လို့ ဂျပန်နိုင်ငံရောက် ချင်း အသိုင်းအဝိုင်းကနေ သိရှိရပါတယ်။

“သူမက ဈေးဝယ်ဖို့ ဆိုင်ကယ် သွားနေတဲ့ အချိန် ကားက အနောက် ကနေ တိုက်သွားတာ လို့ ကနဦး သတင်း သိရပါတယ်။ တခြား အသေးစိပ်ကိုတော့ မသိရသေးဘူး။ ဈာပန ကိစ္စကို ချင်းလူမှု အဖွဲ့အစည်းတွေ စည်းဝေး နေဆဲ လို့ သိရတယ်။ ဂျပန် စီးယင်း မိသားစု က အိမ်ရှင် တာဝန်ယူ ဆောင်ရွက်မယ် လို့ သိရတယ်” လို့ ဂျပန်မှာ အလုပ်လုပ်ကိုင် နေသူ ချင်းလူငယ် တစ်ဦး က ပြောပါတယ်။

“သူ့ သူငယ်ချင်း‌တွေနဲ့ အပြင်သွား တာပါ။ သူမ ကားတိုက်ခံရတာကို အနောက်ကနေ သူမ သူငယ်ချင်းက တွေ့ တော့ အကြောက်လွန်ပြီး အခုထိ ဘာမှ မေး မရသေးဘူး လို့ သိရတယ်။ တိုက်တဲ့ သူက ထွက်ပြေး သွား ပေမယ့် ရဲတွေက ပြန်ဖမ်း ထားပြီလို့ သိရတယ်။ အတိုက်ခံရတဲ့ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတာ လို့ သိရတယ်။ ဓာတ်ပုံတွေ အရတော့ ရုပ်ပျက်ဆင်းပျက်တော့ အဲလောက်ကြီး မဖြစ်ဘူး” လို့ အမှုအခင်း ဖြစ်ပုံ ကို ကွယ်လွန်သူရဲ့ အဒေါ်အရင်း က ပြောပြပါတယ်။

“ဈာပန ကိစ္စတော့ ရက်ရယ်၊ အချိန်ရယ် ပြောလို့ မရသေးဘူး။ အခုက ရဲပိုင် အမှု ဖြစ်တော့ အခက်အခဲ လေးတွေ ရှိတယ်။ Postmortem လုပ်ဖို့ ရှိသေးတယ်။ ဂျပန်ကနေ မီးသင်္ဂြိုလ် ပြီး အရိုးပြာ ကို မြန်မာပြည် ပို့ဖို့ မိသားစု တွေ အနေနဲ့ လောလောဆယ် စီစဉ် ထားပါတယ်” လို့ အဒေါ် အရင်း ဖြစ်သူက စျာပနကိစ္စ နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ကွယ်လွန်သူ Lia Dim Sian Muang Thaw ဟာ အသက် ၂၂ နှစ် ရှိကာ ရန်ကုန်မြို့နေ Pa Dennis Thaw Zin Naing နှင့် Nu Khup Dawn Cing တို့ရဲ့ တစ်ဦးတည်းသော သမီး ဖြစ်တယ် လို့ သိခဲ့ရပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed