ဟားခါး (ချင်း) ဘာသာစကားက Google Translate မှာအသုံးပြုလို့ရပြီဖြစ်ပါတယ်။ Google အဖွဲ့အစည်း အနေနဲ့ မနေ့ ဇွန်လ ၂၇ ရက်၊ ကြာသပတေးနေ့မှာ ဘာသာစကားပေါင်း ၁၁၀ ကိုထပ်ထည့် ထားရာ ဟားခါး (ချင်း) ဘာသာ စကားလည်းပါဝင်လာတာဖြစ်ကြောင့် ဖော်ပြထားပါတယ်။

ယခုအသစ်ထည့်ထားတဲ့ Google Translate ဘာသာစကားတွေမှာ မြန်မာနိုင်ငံထဲကနေ ချင်းဘာသာ စကား အပြင် ရှမ်း နဲ့ ကချင်တို့လည်းပါဝင်လာတာကြောင့် အခုချိန်မှာ Google Translate မှာ ဘာသာစကားပေါင်း ၂၄၃ မျိုးပါဝင်လာပြီလို့ Google Website ကနေဖော်ပြထားပါတယ်။

အရင်နှစ်တုန်းက မီဇိုစကားကို Google Translate မှာထည့်သွင်းထားပါတယ်။
လက်ရှိ ဖလမ်း-အင်္ဂလိပ်နဲ့ Text-to-Voice ရနိုင်အောင်ကြိုးစားလျက်ရှိပြီး Voice-to-Text (auto-audio subtitle) ရနိုင်အောင်လည်း ရည်မှန်းထားပါတယ် လို့ ဖော်ပြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed