အမေရိကန်ပြည်ထောင်စု၊ အင်ဒီယန်နာပြည်နယ်၊ အင်ဒီယန်နာပိုးလစ်မြို့တွင် ကျင်းပသော (၁၁)ကြိမ်မြောက် ချင်းတီဗွီအင်တာနေရှင်နယ် ဆုပေးပွဲအခမ်းအနား၌ ချင်းလူမျိုးထဲမှ လေးစားဂုဏ်ပြုအပ်သော၊ စံပြုထိုက်သော၊ ဂီတလောက၏ ဖခင်တစ်ဦး ဖြစ်တဲ့ ဆလိုင်းခင်မောင်သန့်အား ချင်းတီဗွီ (Chin TV) မှ ပေးအပ်ချီးမြှင့်သည့် အမြင့်ဆုံးဆုဖြစ်သော တစ်သက်တာဂီတထူးချွန်ဆု (Chin TV Lifetime Music Achievement Award) ကို၂၀၂၄ ခုနစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပါသည်။

ဆလိုင်းခင်မောင်သန့် ကို ၁၉၆၃ ခုနှစ် ရန်ကုန်မြို့တွင်မွေးဖွားခဲ့ပါတယ်။ အရှိုချင်းဖြစ်ကြတဲ့ ဖခင် ဦးဘိမောင်မောင်(ပြည်ဇာတိ) နဲ့ မိခင် ဒေါ်ခင်လှ(သံတွဲဇာတိ) တို့ရဲ့ မွေးချင်းမောင်နှမ သုံးယောက်မှာ အကြီးဆုံးသားဖြစ်ပါတယ်။ ၁၉၈၇ ခုနှစ် မှာ ဒေါ်ချစ်စနိုးနဲ့ အိမ်ထောင်ကျခဲ့ပြီး သမီးလေး(၃)ဦး ထွန်းကားခဲ့ပါတယ်။ ဆလိုင်းခင်မောင်သန့် သည် ငယ်စဉ်ကတည်းကပင် ဂီတဝါသနာပါသူဖြစ်ပြီး ၁၉၈၀ ခုနှစ်ဝန်းကျင်မှစတင်၍ (AG) အသင်းတော်တွင် ပါဝင်တီးခတ်ခဲ့ပါတယ်။

၁၉၈၂ ခုနှစ် မှာ သူငယ်ချင်း/အပေါင်းသင်း များနဲ့ အတူ အပျော်တန်းတီးခတ်ခဲ့ကြရာမှ ဂီတလောကထဲသို့ ၀င်လာခဲ့သူဖြစ်ပါတယ်. ၁၉၈၇/၈၈ မှ စတင်ပြီး လင်းစတူဒီယိုတွင် အသံဖမ်းသူ အနေဖြင့် လုပ်ကိုင်လာခဲ့ရင်း Guitar Session Player အနေဖြင့်တီးဝိုင်းများမှာလည်း ပါ၀င် တီးခတ်လာခဲ့ပါတယ်။ ဆလိုင်းခင်မောင်သန့်သည် IRON CROSS BAND အဖွဲ့၀င်တစ်ဦးဖြစ်ပြီး ၁၉၉၀ ခုနှစ် IRON CROSS BAND စတင်တည်ထောင်ချိန်မှ စပြီး ယခုအချိန်အထိ Bass Guitarist အနေနဲ့ ပါဝင်တီးခတ်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed