ရှမ်းမြောက် ပလောင်အုပ်ချုပ်ခွင့်ရ ဒေသမြို့တော် နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA အပါအဝင် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် မြောက်ပိုင်းညီနောင်မဟာမိတ်များက တိုက်ခိုက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ အမြောက် ၄ ခု၊လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံများစွာနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီနေ့ထုတ်ပြန်ပါတယ်။
နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းမှာ အလုံးစုံ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ အလောင်း (၆၀)ကျော်နဲ့ စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်(၃၀)ဦး၊ မိသားစုဝင်(၃)ဦး၊ ရဲ(၆)ဦး၊ ရဲမိသားစုဝင်(၂၅)ဦး စုစုပေါင်း(၆၄) ဦး ဖမ်းဆီးရမိတယ်လို့ အသိပေးပါတယ်။ နမ့်ဆန်မြို့သိမ်းတိုက်ပွဲက တော်လှန်ရေးအဖွဲ့တွေသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းတွေဟာအလွန်များပြားသတင်းဓါတ်ပုံတွေမှာတွေ့ရပါတယ်
Hits: 0