တီးတိန်မြို့နယ်၊ ကနေဒီတောင်ထိပ်ပေါ်မှာ PDF Zoland က ဒီမနက်တွင် ၎င်းတို့အလံလွှင့်တင်ပြီး နဂိုစခန်းချတဲ့ တောင်ခြေမှာပဲ တပ်ပြန်ချတယ်လို့ PDF Zoland တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ PDF Zoland တာဝန်ရှိသူတစ်ဦးက “ကနေဒီဖြစ်စဉ် ကျနော်တို့ PDF Zoland တပ်ဖွဲ့တွေက နိုဝင်ဘာ (၂၁)ရက်၊ ၂၀၂၃ မှာ သိမ်းထားတာဖြစ်တယ်။ အဲဒီနေရာကို ဇွန် ၂၁ ရက် မနက် ၃ နာရီလောက်မှာ စကစ တပ်တွေ တပ်ပြန်စွဲဖို့ လုပ်တဲ့ချိန်မှာ ပစ်ခတ်မှုတွေ ရှိတယ်။ ညနေပိုင်းမှာ သွားကြည့်တဲ့အချိန်မှာ စကစ တွေမရှိတော့ဘူး။

အဲဒါနဲ့ ဒီအတိုင်းထားလိုက်တဲ့အချိန်မှာ ဇွန် ၂၂ နေ့ကျမှ CNA လက်အောက်ခံ PDA တပ်တွေက ဘာပစ်ခတ်မှုမှမရှိပဲ ဒီအတိုင်းတက်ပြီး အလံသွားထောင်လိုက်တာပါ။ အဲဒါကို သိပြီးတော့ ဒီနေ့ ဇွန်၂၃ ရက် ကျတော့ PDF Zoland အဖွဲ့တွေက ကျန်တဲ့အလံတွေဖြုတ်ပြီး PDF Zoland အလံပြန်ထောင်တာဖြစ်တယ်။ သူတို့ (PDA) တွေမရှိဘူး။ တာဝန်ရှိတဲ့သူတွေကို မေးကြည့်တော့ သူတို့ကဒီအတိုင်းပဲအလံထောင်တာပါဆိုပြီးပြောသွားတယ်” လို့ပြောပါတယ်။

တီးတိန်ကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကနေဒီကနေ သိုင်းငင်းသို့ဆက်လက်စစ်ကြောင်းထိုးကာ အခု သိုင်းငင်းရွာကို မီးရှို့ပြီး ချင်းလဲန်းကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed