ကရင်နီပြည်နယ် ၊ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင် စစ်ကောင်စီစခန်းကို ကရင်နီပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ ဇွန်လ ၁၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ခုနှစ်ရက်အကြာ (ဇွန်လ ၂၅ ရက်) နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ပြီးနောက်မှာ မယ့်စလောင်းတောင်စခန်းရခဲ့တာဖြစ်တယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။ သို့သော် စစ်ကောင်စီတပ်သားသေဆုံးမှုနှင့်လက်နက်ခဲယမ်း ရရှိမှု အသေးစိတ်အချက်အလက်ကိုမူ အတည်အကျ မသိရသေးဟု ၎င်းက ​ပြောသည်။

“ဘောလခဲအတွက် မယ့်စလောင်းတောင်က ဗျူဟာကြတယ်။နောက်တစ်ခုကတော့ ဖရူဆိုက တတက ၁၄ (တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်း) ပေါ့။အဲဒါလည်း စစ်ရေးအရ အရေးပါတယ် ။သိမ်းဖို့လိုသေးတယ်။မယ့်စလောင်းတောင် စခန်းသိမ်းတဲ့အချိန် စကစ တပ်သားအလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ ရတယ်။အသေးစိတ်တော့ တပ်ရင်းတွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မယ့်စလောင်းတောင် စခန်း၌ ရှမ်းပြည်နယ်အ ခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂) လက် အောက်ခံတပ်ရင်း နှင့် ဘောလခဲအခြေစိုက်တပ် တို့ပူးပေါင်းတပ်စွဲထားကြောင်း သိရသည်။ မယ့်စလောင်းတောင်စခန်းသည် ၂၀၂၃နှစ် ဇန်နဝါရီလတွင် ကရင်နီပူးပေါင်းတပ်က ပထမအကြိမ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ကြောင့်ပြန် လည် ဆုတ်ခွာပေးခဲ့ရသည့် စခန်းကုန်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ကရင်နီပြည်နယ်ရှိ ၎င်းတို့ လက်လွှတ်ခဲ့ရသော နယ်မြေ များကို ပြန်လည် ထိန်း ချုပ်ရန် ထိုးစစ်ဆင်မှုများရှိနေပြီး ရှမ်းတောင်နှင့် ကရင်နီဒေသအစပ် အပါအဝင် လွိုင်ကော်မြို့တို့တွင် နေ့စဥ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed