ကလေးမြို့နှင့်မိုင် ၃၀ကျော်ဝေးသည့် ကလေး-ဂန့်ဂေါလမ်းရှိ ကမ်းပါးနီ စစ်ကောင်စီ စခန်းကို တော်လှန်ရေးပူး​ပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၁ ရက် စတင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက်ည​နေပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား၂၀ ကျော်ကိုလည်းစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံက လက်နက်အများအပြားလည်း သိမ်းဆည်းရရှိသည်ဟုလည်း အဆိုပါစစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။ စခန်းသိမ်းပြီး​နောက် လက်နက်မျိုးစုံ ၄၀ မှ ၅၀ ​လက်အတွင်းသိမ်းဆည်းရရှိသည်ကိုလည်း သတင်းဓါတ်ပုံမှတ်တမ်းတွင်​တွေ့ရသည်။ သို့​သော်တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု အ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။ “ကျန်တဲ့ စစ်ကောင်စီတပ်တွေက ထွက်ပြေးသွားတယ်။ အများစုက မှန်တောရွာဘက်ကို ထွက်ပြေးသွားတယ်” ဟု ၎င်းကဆက်ပြောသည်။

ကမ်းပါးနီစခန်းသည် ကလေး-ဂန့်ဂေါ-ချင်းပြည်နယ်တို့ချိတ်ထားသည့် လမ်းပိုင်းတွင်တည်ရှိပြီး ကလေး-ဂန့်ဂေါမြို့ကြားတွင် အဓိကကျသည့် စစ်ကောင်စီစခန်း၂ ခုအနက်မှ တစ်ခုဖြစ်သည်။ စခန်းမကျစေရေးအတွက် စစ်ကောင်စီက လေကြောင်းမှ ပစ်ကူအများအပြားအသုံးပြုတိုက်ခိုက် ခဲ့​သော်လည်း လက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ကမ်းပါးနီစခန်းကျသွားပြီး​နောက် ထိုစခန်းအနီးဝန်းကျင်ရှိစစ်စခန်းများကို စစ်တပ်ကအင်အားဖြည့်တင်းနေသည်ဟု ဒေသခံများကပြောသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed