မေလ ၇ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ကလေးမြို့ ကြုံ့သုံးပင် (မွန်းလိုင်) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ပေါ်မှာ ချင်းပြည်နယ်၊တွန်းဇံမြို့မှ ဆင်းလာသော အမျိုးသမီး ၂ ဦး စီးလာတဲ့ ဆိုင်ကယ် ကို Skat ကုန်တင်ကား တစ်စီးက အနောက်ကနေ တိုက်မိပြီး တက်ကြိတ်တဲ့ အတွက် ယင်း အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ် လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ ရပါတယ်။

“Skat ကား က ဆိုင်ကယ် နောက်ကနေ တိုက်ပြီး ကားဘီး နဲ့ နင်းသွားတယ်။ ယာဉ်တိုက်မှု ဖြစ်တော့ Skat ကားသမား က ထွက်ပြေးသွားတယ်။ ရပ်ကွက်ထဲက လူတွေက ကားနံပတ်ကို မှတ်ပြီး လိုက်သွားတော့ ပြန်မိ ခဲ့တယ်။ ကားသမားကို တာဝန် ရှိသူတွေ လက်ထဲ အပ်လိုက် ပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးကတော့ ခေါင်း ကြေသွားတယ်။ ကလေးမ ကတော့ ပေါင် ပြတ် ထွက်သွားတယ်” လို့ ကလေးမြို့ မွန်းလိုင် ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောကြား ခဲ့ ပါတယ်။

သေဆုံး အမျိုးသမီး နှစ်ဦး ကတော့ တွန်းဇံမြို့သူ ကလေး ၄ ယောက် အမေ အသက် ၄၄နှစ် အရွယ် Nu Magaret Mang Go Lun @ Maalun နှင့် အသက် ၁၉ အရွယ် Lia Stella Ciin Sian Muan @ Muannu ဖြစ်ကြတယ်လို့ ကလေးမြို့ရောက် တွန်းဇံ အသိုင်းအဝိုင်းထံမှ သိရှိခဲ့ရ ပါတယ်။

Lia Ciin Sian Muan ရဲ့ အလောင်းကို တွန်းဇံမြို့ သို့ သယ်ဆောင် သဂြိုလ် သွားမှာ ဖြစ်ပြီး Nu Magaret Mang Go Lun @ Maalun ကိုတော့ ကလေးမြို့ တပ်ဦးသီတာ ရပ်ကွက် ကနေ မေလ ၉ ရက်နေ့မှာ သဂြိုလ် သွားမယ်လို့ လည်း ထပ်မံ သိရှိခဲ့ရ ပါတယ်။ လက်ရှိမှာတော့ Skat ယာဉ်မောင်း ကို တာဝန်ရှိသူများ မှ ထိန်းသိမ်း ထားတယ် လို့ ဒေသခံများ ထံမှ သိရှိ ခဲ့ ရ ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်