ကလေးမြို့ မြောက်ပိုင်း ကလေး-တမူး ကားလမ်ဘေး ကျီးကုန်းကျေးရွာအနီးမှာတည်ရှိတဲ့ စစ်အုပ်စုတပ်ရင်း -၃၆၁ လက်နက်တိုက်ဟာ ဇွန်လ ၂ ရက် မနေ့ နှစ်နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး တာဝန်ကျနေတဲ့ စစ်အုပ်စုတပ်သား တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်နဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။

“မနေ့က လက်နက်တိုက် ပေါက်ကွဲတာက ၃၆၁ (စစ်အုပ်စုတပ်ရင်း) ထဲ။ သုံးခု ရှိတာ တစ်ခု အကုန်ပေါက်ကွဲတာ။ အစောင့်တာဝန်ကျတပ်သား တစ်ဦးကို ဖမ်းထားပြီးပြီ။ ထောင်ကျနိုင်တယ်လို့ သူ့မိန်းမ ကပြောတယ်” လို့ အဆိုပါ ပုဂ္ဂိုလ်က ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် စစ်အုပ်စုလက်နက်တိုက် မီးလောင်ပျက်စီးတာကို မြင်တွေ့ရပြီး ပျက်စီးဆီးရှုံးမှု အခြေအနေအ သေးစိတ်ကို မသိနိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေကပေါက်ကွဲရာလက်နက် တိုက် အနီးက လမ်းတွေကို ပိတ်ဆို့ထားပြီး လက်နက်ပစ္စည်းတွေကို ကားနဲ့ရွှေ့ပြောင်းသယ်ယူ နေတယ်လို့ ဖောင် ကူး ကျေးရွာနေထိုင်သူ အမျိုးသားတစ်ဦးကပြောပါတယ်။ “ကားတွေ နဲ့တော့ သယ်နေကြတယ်။ အဲ့ဒီတပ်က အရင်တိုင်းမှူး သန်းထိုက်နဲ့ နီးတဲ့ တပ်တွေ ။ ၃၆၁ တို့ လေ့ကျင့် ရေး ၁၀ တို့က ။ တိုက်ပွဲတော့ မဖြစ်ဘူး။ ဒီအတိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ” လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။ အခုလို လက်နက်တိုက် ပေါက်ကွဲမှုဖြစ်ပွားတာဟာ ကလေးမြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးမြို့ နယ်မှာတော့ ဒေသကွပ်ကဲ‌ရေးစစ်ဌာနချုပ် (ဒကစ)၊ စစ်အုပ်စု ခြေလျင်တပ်ရင်း -၂၂၈ ၊ ၈၉ ၊ လေ့ကျင့်ရေး (၁၀)၊ စစ်သားစုဆောင်းရေးတပ်၊ ထောက်ပို့တပ်စတဲ့ တပ်ရင်းတွေရှိပြီးတော့ မြို့ အဝင်အထွက် ဂိတ်တွေ ပိတ်ဆို့ကာ တင်းကြပ်စစ်ဆေးနေတယ်လို့‌ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ စစ်မှုထမ်း စစ်သားသစ် စုဆောင်းခံရသူတွေကို ကျီးကုန်း၊ အင်ဒိုင်လေး၊ အင်ဒိုင်းကြီး၊ ကံကြီး ကျေးရွာအနီးမှာ စစ်ရေးလေ့ကျင့်သင်ကြားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed