စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းကျေးရွာကို စစ်ကောင်စီ က လေကြောင်းအသုံးပြုဗုံးကြဲတိုက် ခိုက်ခဲ့လို့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီ က လက်ပံချောင်းကျေးရွာကို မေလ ၈ ရက် မနေ့က ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်သေဆုံးမှုမရှိဘူးလို့ လက်ပံချောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ “လူထိခိုက်တာ မရှိပါဘူး ။ တစ်ကြိမ်တိုက်တာ ပါ ။ အိမ်တွေတော့ ပျက်စီးသွားတယ်” လို့ အဆိုပါ ဒေသခံက ဆိုပါ တယ်။
စစ်ကောင်စီ ဟာ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ ညအချိန်မှာ အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတစ်ရက်တည်းမှာ ပဲကလေးမြို့ပင်လုံရပ်ကွက်ရှိ အမြောက်တပ်ကနေ နေ့လယ်ပိုင်းမှာလက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် လည်း လက်ပံချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်ငါးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ CNDF တပ် ဖွဲ့ဝင် လက်ပံချောင်းကျေးရွာ အမျိုးသားတစ်ဦးက ပြောပါတယ်။ “မနေ့က ကျနော် လက်ပံချောင်းမှာ ရှိတယ်။ ထိခိုက်တာတော့ မရှိပါဘူး။ ကျေးရွာတွေမှာလည်း အထိအခိုက်မရှိပါ ဘူး။ အိမ်တွေပဲထိခိုက်သွားတာ” လို့ ဆိုပါတယ်။
ကလေးမြို့ မှာ စစ်ကောင်စီ ရန်ကြောင့် ကလေးမြို့မြောက်ပိုင်းရှိ လက်ပံချောင်းကျေးရွာ အပါအဝင်၊ ပျဉ်ခုံကြီး၊ ပျဉ်း တောဦး၊ ပြည်တော်သာ၊ ဆည်ကြီး၊ နန်းချောင်း၊ မော်စီ၊ ယောက်ချိုကွင်း၊ ကံကြီး၊ ကံသာ၊ ရန်ငြိမ်းအောင်၊ နန် စောင်းပုစတဲ့ကျေးရွာတွေနဲ့ ကလေးမြို့ တောင်ပိုင်းရှိ တင်သား၊ ငါးဖား၊ အောင်ချမ်းသာ၊ ချောင်းခွ၊ နတ်ချောင်း၊ နတ်မြောင်း၊ အင်းစိန်၊ ကုက္ကိုလ်၊ ရေရှင်၊ အင်းကျွန်း၊ ကျောက်ပြုတ်၊ ခုံသာ၊ အရှေ့စည်း၊ မြောက်စည်း၊ ကျော်ရွာ စတဲ့ ကျေးရွာပေါင်း ၃၀ ခန့် ဒေသခံ သောင်းချီ စစ်ဘေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီ က ရိက္ခာဖြတ်တောက်ထားတာ ကြောင့် ဒေသခံ ၂၅၀၀ ကျော် ဆန်ကွဲကို ကျိုချက်စားသောက် နေရတယ်လို့ အကူအညီ ပေးနေသူတစ်ဦးက ပြော ပါတယ်။
“ရိက္ခာ က ပြတ်တာပေါ့ ။ သွားလို့ မရ ဝယ်လို့ မရ ဘူး။ အကုန်ပိတ်ထားတယ်။ ဆန်ကွဲက ကျိုသောက်နေ ရတုန်းပဲ။ ဆေးတွေလည်း ပြတ်တယ်။ ဝဲတွေပေါက်နေကြတာ တချို့ကလေးတွေဆို။ အဲ့ဒါ အခုထိ ကုနေကြရတုန်း” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။ ဒါ့အပြင် စစ်အုပ်စုဟာ ဆက်သွယ်သွားလာရေးအတွက် အဓိကလမ်းမကြီးဖြစ်တဲ့ ကလေး-ဂန့်ဂေါလမ်း၊ ကလေး – ကလေးဝလမ်း၊ ကလေး-တမူးလမ်း၊ ကလေး-တီးတိန် -ဖလမ်းလမ်းမကြီးတွေကို အသွားအလာ ပိတ်ဆို့ထားပြီး မြို့ပေါ်ရပ်ကွက်ကနေကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိတယ်လို့ ပြည်တော်သာ ကျေးရွာ နေထိုင် သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ” လေယာဉ်က အမြဲလိုလို ပတ်နေတာ ။ ဗုံးကျင်း အနီးနေကြရတာ ” လို့ အဆိုပါ အမျိုးသမီးက ဆိုပါတယ်။
လက်ပံချောင်းကျေးရွာမှာ တော့ ပြီးခဲ့နှစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက် မှာ စစ်အုပ်စု ရမ်းကားပစ်ခတ်မှု ကြောင့် ကလေးငယ်တစ်ဦး အပါအဝင်ကျောင်းဆရာမတစ်ဦးသေဆုံးခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်ကလည်း စစ်အုပ် စု ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။ ကလေးမြို့ပေါ်မှာတော့ မြို့ ပေါ်ရပ်ကွက် ၂၀ကျော်နဲ့ ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး စစ်ကောင်စီ အာဏာသိမ်းပြီး နောက် ကျေး ရွာပေါင်း ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ရေရှည်စစ်ဘေးရှောင် ၅၀,၀၀၀ ကျော် ရှိတယ်လို့ အကူအညီ ပေးသူ တွေ က ပြောပါတယ်။



Hits: 0