စစ်ကိုင်းတိုင်း၊ ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေ မြင့်တက်မှုဟာ နှစ်ပေါင်း (၃၀) အတွင်း အဆိုးဆုံး အခြေအနေကို ရောက်ရှိ နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၈ ရက်၊ နေ့လယ် ၁ နာရီခွဲ အချိန် တိုင်းထွာချက် အရ ကလေးဝမြို့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့် (၁၀၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး နောက်တရက် အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နှစ် ၃၀ အတွင်း အဆိုးဆုံး။ ကျွန်တော်တို့ အိမ်ခေါင်ပေါ် တက်နေရတယ်။ ဘာအကူညီမှမလွယ်သေးဘူး။ ရေဆက်တက်ရင် အခြေအနေပိုဆိုးမယ် လို့ ကလေးဝမြို့မှ ဒေသခံ တယောက်က ပြောပါတယ်။ မိုးလေဝသ လေ့လာစောင့်ကြည့်သူ တယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ ချင်းတွင်းမြစ်ရေ မြင့်တက်မှုနဲ့ ပတ်သက်လို့ အဲဒီမြစ်ရေဟာ ကချင် ပြည်နယ်၊ တနိုင်းမြို့မှာ အနီရောင် အဆင့် ထက်မြင့်တဲ့ ခရမ်းရောင် အဆင့် အထိ ရောက်နေတာ တွေ့ရပြီး အနီရောင်က ကလေးဝကို ကျော်တဲ့ အထိ ရောက်နေပြီဖြစ်တာကို တွေ့ရတယ်လို့ အသိပေးထားပါတယ်။

မြစ်ရေမြင့်တက်မှုတွေဟာ မြန်မာနိုင်ငံ အနှံ့ အပြား ဖြစ်ပွား နေတာ ဖြစ်တာကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မိုးကောင်း စတဲ့ မြို့နယ် ၁၀ မြို့နယ် အတွင်းရှိ မြစ်ကမ်း အနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အနေနဲ့ အထူး သတိပြု နေထိုင်ကြဖို့ မိုး/ဇလက အကြံပြုထားပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed