စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့နဲ့ ကနန်ကျေးရွာကို ဇန်နဝါရီ ၁၆ရက်နေ့ ညပိုင်း ကစစ်ကောင်စီမှ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃နှစ် အရွယ် အမျိုးသမီးကလေးငယ် တစ်ဦးအပါဝင်၂ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းအပါဝင် လူနေအိမ်၂၁ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံများ ထံမှသိရပါတယ်။ ဇန်နဝါရီ ၁၆ရက်နေ့ ည ၈နာရီခွဲဝန်းကျင်မှာ ခမ်းပါတ်မြို့ အမှတ်(၁) ရပ် ကွက်ကို ၂ကြိမ်နဲ့ ကနန်ကျေးရွာ ဘုန်ကြီးကျောင်းကို တစ်ကြိမ် လာရောက်ဗုံးကြဲသွားတာလို့ပြောပါတယ်။

“ဗုံလာကြဲတော့ ၃နှစ်ကလေးမလေးနဲ့ ပလဖ ရဲဘော်တစ်ယောက်ကျတယ်။ ထိခိုက်တာက ၆ဦးရှိတယ်။ ကနန်ဘုန်းကြီးတစ်ပါးကတော့ ဒါဏ်ရာရတယ် မစိုးရိမ်ရတော့ဘူး။ပျက်စီးတာကများတယ်။ လူနေအိမ်အလုံး ၂၀နဲ့ ကနန်ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်။” လို့မြေပြင်သတင်း အရင်းမြစ်တစ်ခုက အတည်ပြုပြောပါတယ်။

ယင်းသို့ လေကြောင်းတိုက်ခိုက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှု ထပ်မံရှိလာမှာစိုးရိမ်လို့ ဒေသခံအများအပြားဘေးလွက်ရာကို ပုန်းရှောင်နေကြတယ်လို့ သိရပါတယ်။ ” အခုလည်းလေကြောင်းသတင်း နားစွင့်နေကြတယ်။ ထပ်မံတိုက်ခိုက်ဖို့ရှိလာနိုင်လို့ သတိထားနေရတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ( NUG )က စစ်ကိုင်းတိုင်းမှာ အစိုးရရုံးမျာ အခြေစိုက်မယ်လို့ထုတ်ပြန်ထားတာဖြစ်ပြီး တစ်ဘက်မှာလည်း တမူးမြို့ မြို့သိမ်းတိုက်ပွဲဆင်နွဲမယ် ဆိုတဲ့သတင်း ထွက်ပေါ်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းက ခမ်းပါတ်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တော်လှန်ရေးအင်အားစုများက ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့က တိုက်ခိုက် ထိမ်းချူပ်ထားတာဖြစ်ပြီး မြို့သစ်မြို့ကို ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်နေ့က တိုက်ခိုက် ထိမ်းချူပ်ထားတာဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed