ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာ၊ ခရစ်ယာန်နှစ်ခြင်း အသင်းတော် ဘုရားကျောင်း နှစ်တစ်ရာ ပြည့်ပွဲကို ၂၀၂၅၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာကျင်းပခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့ မှာ ဘုရားကျောင်းရာပြည့် မှတ်တိုင် စိုက်ထူခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ချင်းပြည်နယ်မှာ ပထမဆုံး ဘုရားကျောင်းကို ခေါ်ဆရွာက ၁၉၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကဆို တနင်္ဂ‌နွေနေ့တိုင်း စီယင်းနယ် တစ်ဝိုက် ရွာတွေကနေ လာပြီး ခေါ်ဆကျေးရွာမှာပဲ ဘုရားကျောင်းတက်ကြတာဖြစ်ပါတယ်ဟု ပြောဆိုထားသည်။။

၁၉၂၄ ခုနှစ် ချင်းပြည်နယ် တစ်ခုလုံး နှစ်ခြင်း အစည်းဝေးကို တွန်းဇံမြို့နယ် မွာလ်ပီ မှာ ကျင်းပခဲ့ပြီး အဲဒီအစည်းဝေး ဆုံးဖြတ်ချက်အရ ထုတ်လိုင်ကျေးရွာမှာလည်း ဘုရားကျောင်း တည်ဆောက်ဖို့၊ ခေါ်ဆ နှစ်ခြင်း အသင်းတော် ကနေ ခွဲထွက်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ 

၁၉၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်လိုင်ကျေးရွာ မှာ နှစ်ခြင်းအသင်တော် ဘုရားကျောင်း စတင်ရှိလာခဲ့တာဖြစ်ပါတယ်။ တစ်ရွာကို အသင်းတော်တခု၊ ဘုရားကျောင်းတခု မရှိခင်ကဆို ထုတ်လိုင်ဘုရားကျောင်းမှာ ရွာနီးချင်းတွေဖြစ်တဲ့ Buanman , Lophei, Pumva စတဲ့ ရွာတွေနဲ့ စုပေါင်းပြီး တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်ခဲ့တာလို့ ဆိုပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed