ချင်းပြည်နယ် တီးတိန်မြို့တွင် တာဝန်ထမ်းဆောင်နေသော ရဲသား ၂ ဦး နှင့် စစ်သား ၂ ဦး ကျနော်တို့ CDF CDM-SIYIN ထံသို့ လက်နက်တစ်လက်၊ ခဲယမ်းတချို့နဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အလင်းဝင်ခဲ့ပါသည်။ အလင်းဝင်သူ များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ စစ်ပိုင်ဖြိုး
၂။ အောင်ပြည့်ဖြိုး
၃။ ဒါလ်းဒုံးလျန်
၄။ ရာဇာထက်

လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသော တပ်သားများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း၊ မြို့တွင်းတွင်ဖြစ်စေ၊ မည်သည့်နေရာတွင် ဖြစ်စေ သွားရောက်ကြိုဆိုပေးမည်ဖြစ်ပြီး သွားလိုသည့်နေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျစီမံဆောင်ရွက်ပေး မည်ဖြစ်ကာ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထား ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

စုံစမ်းရန်
စစ်ဦးစီးချုပ်
ထောင်းပူ
CDF CDM SIYIN
ဖုန်း နံပါတ်- ၀၉၉၅၄၆၃၄၅၁၃

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed