မန္တလေးတိုင်း၊ စဉ့်ကူး မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၆ ခုကို မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး၊ စစ်သုံ့ပန်း ၁၃ ဦး အရှင် ဖမ်းဆီးရမိကာ စစ်သား အလောင်းများနှင့် လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) သည် “၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ” နှင့်အတူ စဉ့်ကူးမြို့နယ်တွင် လည်း စစ်ဆင်ရေးများ ဖော်ဆောင်နေပြီး စဉ့်ကူးမြို့နယ်အတွင်းရှိ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်း တို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စဉ့်ကူး စစ်ဆင်ရေး နယ်မြေအတွင်း လက်နက်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်း ၁၃ ဦးခန့်ကိုလည်း အရှင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စဉ့်ကူး စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို စဉ့်ကူးမြို့နယ် ပကဖ မှ လည်း ထောက်ပို့ဆိုင်ရာ ကိစ္စရပ်များတွင် ပံ့ပိုး ကူညီပေးလျက်ရှိကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် စဉ့်ကူးမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေး ပစ်မှတ်များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။ ဇွန်(၂၅)ရက်က စတင်ပြီး မန္တလေးတိုင်း မတ္တရာနဲ့ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲ ဖြစ်နေပြီး အဲ့ဒီ မြို့တွေနဲ့ ဆက်စပ် နေတဲ့ မန္တလေး-မိုးကုတ် လမ်းကြောပေါ်က စဉ့်ကူးမြို့နယ် မြောက်ဘက်ခြမ်းနဲ့ သပိတ်ကျင်းမြို့နယ် တောက်ခြမ်း ရွာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed