ဇိုမီး သမိုင်း (အပိုင်း တစ်)
ဇိုမျိုးဆက် ဇိုမီး (Zomi) ဆိုတာ ဘာလဲ?
ဇိုမီး (Zomi) ဆိုတာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ နေထိုင်တဲ့ လူမျိုးစုတစ်စုဖြစ်ပါတယ်။ ဇိုမီး Zomi-ကိုကီး Kuki-မီးဇို Mizo -လိုင်မီး Laimi – ချိုး Cho-ခူမီး Khumi ဇို(Zo) မျိုးဆက် ထဲမှာ ပါဝင်ပြီး၊ သူတို့ရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေဟာ သီးခြားထူးခြားပါတယ်။ ဇိုမီး (Zomi ) လူမျိုးတွေဟာ ခရစ်ယာန်ဘာသာကို အများအားဖြင့် ကိုးကွယ်ကြပြီး၊ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ ဓလေ့ထုံးတမ်းတွေဟာ သူတို့ရဲ့ သမိုင်းနဲ့ ဒေသဆိုင်ရာ လွှမ်းမိုးမှုတွေကြောင့် ကွဲပြားပါတယ်။
Zomi ဆိုတဲ့ စကားလုံးဟာ “Zo” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပြီး၊ “Zo” ဆိုတာက “တောင်ကုန်း” ဒါမှမဟုတ် “အမြင့်ပိုင်း” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် Zomi ဆိုတာ “တောင်ပေါ်နေလူမျိုး” လို့ အဓိပ္ပာယ်ရပါတယ်ဟုလည်းပြောကြသည်၊ တချို့သောလူတွေက ချင်းတောင်တန်း နှင့် ချင်းပြည်နယ် အခေါ်အဝေါ် တွေဟာ နေရာဒေသ ကိုခေါ်ဆိုခြင်းဖြစ်ပြီး ချင်းဆိုတဲ့ လူမျိုးမရှိခဲ့ပါဟုပြောကြသည်။
တကယ်လို့ ချင်းဆိုတဲ့ လူမျိုးရှိခဲ့ရင် ချင်းစာပေ ချင်းစကား ဆိုတာရှိရမည်ဖြစ်သည်၊ယနေ့ ချင်းပြည်နယ်မှာ ဇိုမီးစကား ဇိုမီး စာပေ လိုင်မီးစကား လိုင်မီး စာပေ etc… ရှိပြီး ချင်းစကား ချင်းစာပေ ဆိုတာမရှိသဖြင့် ချင်းစကား ချင်းစာပေ အတွက် လိုင်မီး သုံးမည်လား ဇိုမီးသုံးမည်လား etc…ဆိုပြီး အငြိမ်းအပွါး ဖြစ်ကြခြင်းသည် ချင်းလူမျိုးမရှိခြင်းကို သက်သေပြသနေပါသည်၊ ချင်း သည်နေရာဒေသကိုသာ ခေါ်ဆိုတဲ့အမည်ဖြစ်ပြီး လူမျိုးနာမည်မဟုတ်ကြောင်း၊ သိသာပါသည်။
ဇိုမျိုးနွယ်ထဲက ဇိုမီး (Zomi ) လူမျိုးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား၊ နှင့် ရိုးရာဓလေ့တွေကို ထိန်းသိမ်းဖို့ အားထုတ်နေကြပါတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုဟာ သီချင်းတွေ၊ အက တွေ၊ နှင့် ရိုးရာပွဲတော်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့် ဇိုမီး (Zomi ) ဆိုတာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ လူမျိုးစုတစ်စုဖြစ်ပြီး၊ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားဟာ ထူးခြားပါတယ်။ ကမ္ဘာပေါ်မှာ ဇိုမျိုဆက်များသည် ယခုအခါ နိုင်ငံတကာတို့ ရောက်ရှိကြပြီး အဓိက မြန်မာနိုင်ငံ အိန္တိယနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် နေထိုကြသည်။
ဇိုမီး လူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူမျိုးအုပ်အစုကြီး၃စုဖြစ်သည့် မွန်ခမာ အနွယ်တိဗက် ဗမာအနွယ်နှင့်ထိုင်း တရုတ်အနွယ်တို့အနက်မှ တိဗက် ဗမာအုပ်စုဝင်ဖြစ်သည့် အခြေခံ အားဖြင့် ယခု မြန်မာနိုင်ငံ ချင်းတောင်တန်း ချင်းပြည်နယ်ရှိ လူမျိုးတို့ကို မြန်မာနိုင်ငံ အစိုးရက ချင်းလူမျိုးဟု သတ်မှတ်ထားကြ သော်လည်း၊ သူတို့ကိုသူတို့ ဇိုမီး၊ လိုင်မီး၊ ကူကီး၊ မြို ၊အရှို၊ ခူမီး၊ မတူ၊ မရာ စသည်ဖြင့်ခေါ် ဝေါ်ကြသော မျိုးနွယ်စုများ ဖြစ်ကြသည် ထိုသူတို့၏ ပင်ရင်းအမည်သည် “ဇို ” မျိုးဆက် ကပင် ဖြစ်သည်။
ချင်းပြည်နယ် ချင်းတောင်တန်းမှာနေထိုင်ကြသော လူမျိုးတို့သည် ချင်း လူမျိုး မဟုတ်ပါ၊ ချင်းဆိုသည်ကား နေရာဒေသ နာမည်သာ ဖြစ်သည်၊ ချင်းပြည်နယ်တွင် လူမျိုးအုပ်စုအနေဖြင့် များစွာကွဲပြားခြားနားနေကြသော်လည်း စကားအုပ်စုအနေဖြင့်မှု အနည်းငယ်သာ ခြားနားမှုရှိသည် ပင်မစကားကြီးများရှိပြီး ဒေသန္တရဆိုင်ရာ အသုံးအနှုံးများ ဝေါဟာရများ နှင့် လေယူလေသိမ်း အသံထွက်အလေးအပေါ့သာ ကွဲပြားကြသည်။
ယခုအခါ ဒေသတွင်း ၌ သာမက အပြည်ပြည် ဆိုင်ရာ လူ့အသိုင်းအဝိုင်း၌ အမျိုးသား အမည် နာမတခု တည်းအဖြစ် ရပ်တည်နေသော “ချင်း”ဟူ သော အမည်နာမသည် ပို၍လူသိများ လာကြပေမဲ့ ချင်း ဟူသည်ကား နေရာ ဒေသ နာမည်သာဖြစ်၍ ဇို မျိုးဆက် များဖြစ်ကြသည်၊ ဇို မျိုးဆက် များသည် မြန်မာနိုင်ငံ ချင်းပြည်နယ်တွင်၎င်း၊ အိန္တိယ နိုင်ငံ မီးဇိုရမ်ပြည်နယ် ၊ မဏိပူရ ပြည်နယ် နှင့် ဘင်္ဂလားဒေ့ရ်ု နိုင်ငံ တို့တွင်နေထိုင်ကြသည်။
ချင်းပြည်နယ် ချင်းတောင်တန်းတွင် နေထိုင်ကြသော ဇို မျိုးဆက် (Zosuan) တို့သည် သူတို့ကို သူတို့ လူမျိုးနာမည် ရှိကြသော်လည်း၊ ချင်းပြည်နယ် ချင်းတောင်တန်း တွင်နေထိုင်ကြသော လူမျိုးနည်းစုကို ချင်းလူမျိုးဟု ခေါ်ဆိုနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြခဲ့သည်။
ဇိုမီးတို့ စတင်ပေါက်ဖွားရာ မူရင်းဒေသနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုးရှိခဲ့သည်။ သုတေသီတချို့က တရုတ်ပြည်မြောက်ပိုင်းရှိ အထက်ပိုင်း ဇိုခိုကျင့် ဂူမှပေါက်ဖွားလာကြသော ဇို (Yao) လူမျိုးကို အသံဖလှယ်ကာ ဇိုမီး (Zomi) ဟုခေါ်တွင်လာသည် (Rev. Go Khan Dal ၏ ရေးသားချက်မှ) ခရစ်ယာန် သာသနာပြု ဆရာဒေါက်တာ ခုပ် (Dr. Cope ) က ဇိုမီးတို့သည် တိဘက်ပြည်ရှိ Mo-nget(မိုငက်) လူမျိုးများနှင့် ဆံပင်ဖီး၊ခွဲပုံမှစ၍ လှုပ်ရှားပြုမူပုံအထိ အလွန်ပင် ဆင်တူကြောင်း၊ ယင်းလူမျိုးနှင့် တမျိုးတည်းများဖြစ်သည်ဟုပြောပါသည်(ပူ ထန်သွင်း မှတ်တမ်းမှ) ဇိုမီးများသည် သူတို့ကိုသူတို့ ချင်းလို့ မခေါ်ကြပဲ ဇိုမီး & မီးဇို စသည်ဖြင့် ခေါ်ဆိုကြကြောင်း ဦးသိန်းဖေမြင့်က ရေးသားခဲ့သည်။
ထို့ကြောင်း ဇိုမီး လူမျိုးများသည် ဇိုမင်းဆက်မှ စတင် ပေါက်ဖွားဆင်း သက်လာခဲ့သည် ဟူ၍လည်းကောင်း၊ တချို့က တရုတ်ပြည် ချင်မင်းဆက်မှ ဆင်းသက်လာသည်ဟူ၍လည်းကောင်း ယူဆခဲ့ကြသော်လည်း သာတို့ကိုသူတို့ ချင်းဟု၍ မခေါ်ကြပဲ နာမည်အမျိုးမျိုး ခေါ်ဆိုကြပါသည်။
သို့သော်လည်း သမိုင်းပါမောက္ခ လုစ် Groden Luce ဒေါက်တာသန်းထွန်း တို့ကမူ အရှေ့တောင်အာရှသားတို့သည် တိဗက်မြန်မာအုပ်စုမှ ဆင်းသက်လာကြပြီး တိဗက်မြန်မာတို့မှာ တရုတ်ပြည်ရှိ ချီယန် Chi-an အနွယ်ဝင်ဖြစ်သည်ဟု ဆိုကြသည်။ ချီယန် တို့မှာ တိဗက် မြန်မာအနွယ်ဖြစ်သောကြောင့် ချီယန် တို့ မူရင်းဒေသမှာ ချီယန်တို့ နေထိုင်ရာ တရုတ်ပြည် ကန်စု Kansu ဒေသဖြစ်ခဲ့ သည်။ ထို့ကြောင့် ချီယန်ကို ချင်းဟု ရေးသားထားခြင်းဖြင့် ချင်း ဖြစ်မည်ဟု ကောက်ယူအသုံးပြုခြင်းဖြစ်သည်။
—-/////—–
ဇိုမီး သမိုင်း (အပိုင်းနှစ်)
ဘီစီ (၂၀၀၀)ခန့်တွင် တရုတ်တို့သည် မကြာခဏဝင်ရောက် ကျူးကျော် တိုက်ခိုက်သဖြင့် တောင်ဘက်သို့ တဖြည်းဖြည်း ရွေ့ပြောင်း လာခဲ့ ကြသည်။ တချို့သည် တိဗက်မှာ နေထိုင်ကြပြီး တချို့မှာ ရွှေလီ မြစ်၊ သံလွင်မြစ်၊ ယူနန်ပြည်နယ်များမှာ၎င်း၊ တချို့မှာဟူးကောင်း တောင်ကြားမှ မြန်မာပြည်သို့ ဆင်းသက်လာကြ သည်ဟု ဆိုကြသည်။
ဇို မျိုးဆက် လူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင်များ ဖြစ်ကြ ကြောင်းကို ရှေးဟောင်းပစ္စည်း အမွေအနှစ်ရှာဖွေ ကြသူများနှင့် သမိုင်းသုတေသီများ အဆိုအရ တင်ပြမည်ဆိုပါက စီလူဝီစ် (Luwis)ရေး သားသော“The tribes of Burma” Burma research Journal No(4) စာအုပ်တွင် ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင် များဖြစ်ကြောင်း C.A Soppitt ရေးသားသော A short History of Kuki-Lushai စာအုပ်၊ Lt.Col. J. Shakespear ရေးသားသော The Lushai-Kuki Clan. Carry & H.N Tuck ရေးသားသော The Chin Hill နှင့် F.K.Leman ရေးသားသော The strucrute of Chin Society စာအုပ်များတွင် ချင်းတောင်တန်း တွင်နေထိုင်ကြသော လူမျိုးများသည် တရုတ်ပြည်မှ ဆင်းသက် လာကြပြီး တိဗက်မြန်မာ အနွယ်ဝင်များဖြစ်ကြောင်း
ထို့ပြင် ဇိုမီး အမျိုးသား ထဲမှလည်း Pu sing Khaw Khai ရေးသားသော “The Chin Their Name and Tradition စာအုပ်၊ (Central-CLCC Annual Magazine) စာအုပ်မှ ပါမောက္ခဒေါက်တာ အေးအေးငွန် ရေးသားသော ချင်းတောင်တန်းမှာ နေထိုင်ကြသော လူမျိုးတို့၏ မှုလဇာတိ နှင့် မူရင်းဒေသဆောင်းပါး၊ Dr. Vum Son ရေးသားသော Zo History စာအုပ် နှင့် အခြား ဇိုမျိုးဆက် အမျိုးသားတော်တော်များများမှလည်း ဇိုမျိုးဆက် လူမျိုးတို့သည် တရုတ်ပြည်တိဗက်ဒေသမှ ဆင်းသက်လာကြပြီး မွန်ဂိုလွိုက် အနွယ်ဝင်များဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံကြသည်။
ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်အရ တရုတ်ပြည်မှ ဆင်းသက်လာကြသူများသည် အုပ်စုလေးစုခွဲရာ အာလ်တိုက် (Altaic) အော်óတိ-အာရှတစ် (Austro-Asiatic)၊ အင်-ယူရိုပီယန် (Indo-Europe) နှင့် ဆိုင်နို တိဗက်တန် (Sino-Tibetan)များဖြစ်ကြသည်။ ဆိုင်နိုတိဗက်တန် (Sino-Tibetan) အုပ်စုတွင်း၌ ဟန်-ချိုင်းနစ် (Han-Chinese)၊ ဟွီ-ချိုင်းနစ် (Hui-Chinese)၊ မယို-ရန် (Miao-Yan)၊ ထိုင်း (Tai)၊ တိဗက်-မြန်မာ (Tibet-Burma) ဟူ၍ ပြန်လည် စိတ်ဖြာဆင်းသက်လာ ကြသည်။ မြန်မာ့သမိုင်းအဆိုအရ Tibeto- Burma အုပ်စုတွင် ရခိုင်၊ ဗမာ၊ ဇိုမီး (ဗမာအခေါ် ချင်း) ကချင်၊ လားဟူ၊ လီဆူး၊ လိုလို မိုဆို၊ နာဂတို့ပါဝင်ကြသည်။
၁၉၅၅ ခုနှစ် အင်းဝမြို့သို့ အင်္ဂလိပ် သံတမန်ကြီး၏ အတွင်းဝန်အဖြစ် လိုက်ပါလာသော ကပ္ပတိန် ယူလီကမူ ဇိုမျိုးဆက် (Zosuan)လူမျိုးများသည် အင်ဒိုချိုင်းနား အနွယ်ဝင် များဖြစ်ကြပြီး ကူကီး၊ နာဂ၊ ချင်းအနွယ်ဝင် များဖြစ် ကြကြောင်း သိရှိရသည်ဟု ရေးသားထားသည်။ Dr. Vum Son. Zo History ဖော်ပြချက်အရ ဇိုမျိုးဆက် အုပ်စုတွင် အရှို၊ ချိုး၊ ခူမီး၊ ကူကီး၊ လိုင်၊ မီဇို၊ နာဂနှင့် ဇိုစသည်တို့ ပါဝင်ကြသည်။
ဇိုမီးများသည် ဘီစီ ၆၀၀ မှစ၍ တိဘက်မှ ဟိုဟစ်မြစ်ကြောင်းအတိုင်း ဟူးကောင်း ချိုင့်ဝှမ်း ကိုဖြတ်၍ ချင်းတွင်းမြစ် (Tuikangpi) တလျောက်၊ ထိုမှတဆင့် အရှေ့ဖက်လည့်၍ တကောင်းမြို့တို့ ပြောင်းရွှေ့နေထိုင်ကြ၏။ အခြားတဖွဲ့မှာ ချင်းတွင်းမြစ်(Tuikangpi) နှင့် ဧရာဝတီမြို့ဆုံရာ ချိုင့်ဝှမ်းအောက်ပိုင်းသို့ ဆက်လက်ဆင်းသက်ပြီး၊ လူဦးရေ များပြားလာပါသည်။
ဇိုမျိုးဆက် လူမျိုးများနေထိုင်ရာ ဒေသကို အကြမ်းအားဖြင့်ဖော်ပြရသော် မြန်မာနိုင်ငံအနောက်မြောက် ဘက် စံမရနောင်တန်းဒေသ၊ နာဂတောင်နှင့် မဏိပူရပြည်နယ်တို့မှ တောင်ဘက် မော်တင်စွန်း ရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဘက် ချင်းတွင်းမြစ်၏ လက်တက်ဖြစ်သော မြစ်သာမြစ်နှင့် အနောက်ဘက် ဗင်္ဂလားအော် ရောက်လုနီးဒေသစပ်ကြား တောင်မြင့်ကုန်းတန်း လျှိုမြောင်တို့မှာ ချင်းလူမျိုးတို့ နေထိုင်ရာ အချက်အချာဒေသ ဖြစ်လေသည်။
ဇိုမျိုးဆက် လူမျိုးတို့ နေထိုင်ရာ မြောက်ဘက်
အစွန်ဆုံးဒေသ၌ ပေ(၁၂၅ဝဝ) မြင့်သော စာရာမေတိတောင်ရှိရာ စုံမရ တောင်တန်းဒေသဖြစ်၏။ ယင်း၏ အနောက်တောင်ဘက် မဏိပူရမြေပြန့်မှာ ကသည်း ခေါ် မေထေးလူမျိုး တစ်မျိုး၏ ဒေသဖြစ်၏။ ထိုဒေသ၏ တောင်ဘက်၌သော် ချင်းတောင်စစ်စစ်ဟု ဆိုရမည့် တီးတိန်၊ ဖလမ်းနှင့် ဟားခါးနယ်များ ရှိပေသည်။ ယင်း၏တောင်ဘက်၌ (၁၀၄၀၀)မြင့်သော ဝီတိုရိယတောင်တဝိုက်ဖြစ်သည့် ပခုက္ကူ တောင်တန်းဒေသ (ကန်ပက်လက်)ရှိသည်။ နောက်ဘက်၌ မြောက်ပိုင်း ရခိုင်တောင်တန်းဒေသ (ပလပ်ဝ)နှင့် ကုလားတန်မြစ်ဝှမ်း၏ မြောက်ဘက်ဒေသတို့ ရှိကြသည်။
ထိုဒေသများ၌ ဇိုမျိုးဆက် လူမျိုး တို့ကို တွေ့ရပေသေးသည်။ထိုမျှမကသေး၊ ဇိုမျိုးဆက် လူမျိုးများကို ရခိုင်ရိုးမတောင်၏ တောင်ဘက်ပိုင်းတလျှောက်နှင့် အရှေ့ဘက်မင်းဘူး၊ သရက်မြို့၊ ပြည်ခရိုင်များတွင် တွေ့ရသေး၏။ ထို ဒေသတို့နှင့် တဆက်တည်း ဖြစ်သော ပဲခူးရိုးမတောင်စွယ် တို့၌ပင် ဇိုမျိုးဆက် ရွာအချို့ ရှိနေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံမှအပ ဘင်္ဂလားဒေရှ့်နှင့် အာသံပြည်နယ်တို့၌လည်း ဇိုမျိုးဆက် လူမျိုးများ ရှိပေသေးသည်။ တိဗက်မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုသူ လူမျိုးအချို့ကို မြန်မာနိုင်ငံတွင်းသို့ ရွေ့ပြောင်း ဝင်ရောက်ကြရာတွင် ဇိုမျိုးဆက် လူမျိုးတို့မှာ အရှေ့မြောက်ဘက်ဆီမှ ခပ်စောစောကပင် ဝင်ရောက်လာကြ၍ နောက်ဝင်လာသူတို့ကို နေရာဖယ်ပေးခြင်းအားဖြင့် နောက်ရိုးမ တလျှောက်တွင် အခြေစိုက်လာခဲ့ကြဟန် တူပေသည်။
ထိုမှတဆင့် အနောက်ဘက်အာသံပြည်နယ် မဏိပူရပြည်နယ်နှင့် ဘင်္ဂလားဒေရှ့် ဘက်သို့ တဖြည်းဖြည်း ရွေ့ပြောင်းနေထိုင်ခဲ့ကြ၏။ လွန်ခဲ့သောနှစ်ပေါင်း ၅ဝ အတွင်းခန့်တွင် ဇိုမျိုးဆက် လူမျိုးအများပင် အရှေ့ဘက် ဧရာဝတီမြစ် ဝှမ်း မြေပြန့်ဒေသသို့လည်းကောင်း၊ ရခိုင်တိုင်းဒေသများသို့လည်းကောင်း ပျံ့နှံ့နေထိုင်လာကြသည်ကို တွေ့ရသည်။ ယခုနောက်ပိုင်းတွင် ချင်းပြည်နယ်ရှိ ဇို မျိုးဆက်နွယ် များကို နေထိုင်ရာအရပ် ဒေသကိုခွဲ၍ လည်းကောင်း၊ ဘာသာစာကားဖြင့် သော်လည်းကောင်း၊ မြို့ကိုအခြေခံ၍ ခွဲခြားခေါ်ဝေါ်နေကြခြင်းများလည်းရှိသည်။
ဤနည်းဖြင့် တီးတိန် လူမျိုး၊ ဖလမ်း လူမျိုး ဟားခါးလူမျိုး မင်းတပ် လူမျိုး မတူပီး လူမျိုး ကန်ပတ်လက် လူမျိုး၊ ပလက်ဝ လူမျိုး နှင့် ယော လူမျိုး ချင်းလူမျိုးဟူ၍ အမည်အမျိုးမျိုးရှိကြသော်လည်း လူမျိုးနာမည် မဟုတ်ဘဲနေရာဒေသ ဖြင့်ခေါ်ဆိုခြင်းသာဖြစ်သည်။ ဇိုမျိုးဆက် လူမျိုးတို့ ပြောဆိုသော ဘာသာစကား လိုက်၍ ကသည်းခေါ် မေထေးအမျိုးနှင့် ဇိုမီး ဘာသာစကား၊ မီးဇို ဘာသာစကား၊ လိုင်မီး ဘာသာစကား၊ ခူးမီး ဘာသာစကား၊ ဇိုတုန် ဘာသာစကား၊ မရာ ဘာသာစကား၊ ဇိုဖေး ဘာသာစကား ဟုသတ်မှတ်ထား၏။
ချင်းပြည်နယ် အနေအထားအရ တဖန် ရှေးကုကီ၊ မြောက်ပိုင်းချင်း၊ အလယ်ပိုင်းချင်း၊ တောင်ပိုင်းချင်းဟု ဒေသအရ ခွဲခြားပြန်သည်။ ပြောဆိုသော ဘာသာစကားတို့မှာ တယောက် နှင့် တယောက် လုံးဝ နားမလည်ကြပါ၊ တို့သော်လည်း ဇိုမီး လူမျိုးထဲ မှာ ဘာသာတူ အသံကွဲ စကားမျိုးသာ ပါဝင်သည်သာမက အခြေခံ၌သာတူ၍ သီးခြား ဘာသာစကားများ ကွဲပြားနေသည်လည်း ရှိသည်။
ထို့ကြောင့် မြန်မာ နိုင်ငံအတွင်း၌ပင် ချင်းပြည်နယ်တွင် ဘာသာစကား ၄၄ မျိုးမျှ ကွဲပြားနေပေသည်။ ၁၉၄၁ ခု မြန်မာနိုင်ငံသန်းခေါင် စာရင်းအရ ချင်းပြည်နယ်မှာ ဇိုမျိုးဆက် ဦးရေမှာ ၃၅ဝဝဝဝ ခန့် ရှိ၏။ ယင်းသို့ အမျိုးထွေပြားလှသော ချင်းပြည်နယ် လူမျိုးတို့အကြောင်းကို သိသာထင်ရှားအောင် ရေးသားချိန်မှာ ဘာသာစကားလိုက် ခွဲခြားသတ်မှတ်၍ ဖော်ပြမှသာလျှင် လေ့လာသူတို့အတွက် ပိုမိုလွယ်ကူပေလိမ့်မည်။
———-///—————–
ဇိုမီး သမိုင်း (အပိုင်း သုံး)
ချင်းပြည်နယ်ဟာ ဒေသ နေရာ နာမည်ဖြစ်၍ ချင်းတောင်တန်းကနေ တဆင့် ချင်းပြည်နယ်ဟု ခေါ်ဆိုခြင်းဖြစ်သည်၊ ထို့ကြောင့် ချင်းဆိုတာဟာ နေရာ ဒေသနာမည်သာဖြစ်ပြီး လူမျိုးနာမည် မဟုတ်ပါ။ ချင်းပြည်နယ်ရှိ ဇိုမျိုးနွယ်စု များသည် သူတို့ကို သူတို့ ဇိုမီး Zomi-ကူကီး Kuki-မီးဇို Mizo -လိုင်မီး Laimi – ချိုး Cho-ခူမီး Khumi etc…ဖြင့် ခေါ်ဆိုကြသည်။
ရှေး ဇိုမျိုးနွယ်စု ကူကီးမျိုးစုတို့သည် လွန်ခဲ့သော ၁၂၅ နှစ်လောက်ကတည်းကပင် အာသံနယ် လူရှေတောင်တန်းဒေသ၌ (လူရှေ တောင်တန်း Lusei Hill က နယ်မြေ ဒေသ နာမည်ဖြစ်၍ လူမျိုးနာမည်က မီးဇို Mizo ဖြစ်သည်။) အခြေစိုက်လာခဲ့ဟန်တူသော်လည်း သာဒိုး/ကူကီး များ ဝင်ရောက်နေထိုင်မှုကြောင့် မြောက်ဘက်သို့ ရွေ့ပြောင်း ပေးကြရာ လူရှေတောင်တန်းဒေသမြောက်ဖျားနှင့် မဏိပူရနယ်တို့တွင် ယခုတွေ့ရသည်။
ရှေးဇိုမျိုးဆက် ကူကီးတို့၏ ဘာသာစကားမှာ ချင်းပြည်နယ် မြောက်ပိုင်း တွင်နေထိုင်ကြသော ဇိုမီး တို့၏ ဘာသာစကားနှင့် ဘာသာတူ အသံကွဲ အခေါ်အဝါ တူကြပါသည်။ ဤ ဇိုမျိုးဆက်တွင် ပါဝင်သူတို့မှာ ကချင်နယ်မြောက်ပိုင်း တိပါရတောင်၊ စီလဟက်တွင် အများဆုံး တွေ့ရသည်။ ထို့အပြင်ရန်ခေါနှင့် လမ်များ၊ မဏိပူရနယ်ရှိ အနာလများ၊ ရခိုင်တောင်တန်းနယ်၊ ကုလားတန်မြစ်တဝိုက်ရှိ ကျော သို့မဟုတ် ချောများလည်း ပါဝင်သည်။ ယင်းချောလူမျိုးများကား လွန်ခဲ့သော နှစ် ၃ဝဝ ကျော်အထက်က ရခိုင်မိဖုရားစောမဲကြီးသည် ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့၍ ထိုအရပ်ဒေသသို့၍ ရောက်လာသည်ဟု သက်ကြီးစကား သက်ငယ်ကြား ရှေးသူဟောင်းတို့၏ စကားတွင် ဖော်ပြထားသော လူမျိုးများ ဖြစ်သည်။
ချင်းပြည်နယ်မြောက်ပိုင်း ဇိုမျိုးဆက် လူမျိုးတို့တွင်လည်း နီးစပ်ရာဘာသာ စကားအလိုက် (က) သာဒိုး(Thadou)လူမျိုစု များနှင့် (ခ) ဇိုမီး ( Zomi ) နှင့် စီးယင်း (Siyin/ Sizang) များဟု ၃စုခွဲထားသည်။ သာဒိုး (၆ဝဝဝ)နှင့် ဇိုမီး (၁၄ဝဝ၀) တို့မှာ ယခင်က မြန်မာပြည်မတွင် နေခဲ့ကြသည်။ နှစ်ပေါင်း ၃ဝဝ၊ ၄ဝဝ လောက်က နာဂတို့ဒေသဖြစ်သော စုံမရတောင်တန်းဒေသသို့ ဝင်ရောက်နေထိုင်လာကြသည်။ ယခုအခါတွင် တီးတိန်ခရိုင် မြောက်ဘက်အစွန်ဒေသနှင့် မဏိပူရပြည်နယ်တို့တွင် တွေ့ရသည်။
၁၉၃၁ ခု သန်းခေါင်စာရင်းအရ ဇိုမီး လူဦးရေမှာ ၁၇ဝဝဝ၀ ကျော်ရှိကြောင်း သိရ၏။ ယင်းတို့မှာ အကြမ်း အားဖြင့် တီးတိန်ခရိုင် တွင် နေကြ၍ တီးတိန်ချင်းဟုလည်း ခေါ်ကြပြီး သူတို့ကို သူတို့ ဇိုမီး ဟုခေါ်ကြသည်။ ဇိုမီးတို့သည် တီးတိန်ခရိုင် နှင့် ချင်းတွင်း အထက်ပိုင်း ကလေး ကဘော် ဒေသတို့တွင် နေကြသည်။ အထက်မြန်မာ ပြည်ကို သိမ်းပိုက်စဉ်က ဗြိတိသျှတို့ အကြိတ်အနယ် တိုက်ယူ ရသော ချင်းတောင်တန်း တို့မှာ ဇိုမီးများ ဖြစ်၏။ ပင်ပန်းခံကာ ကြိုးစားလုပ် ကိုင်၍ သတ္တိစိတ်ရှိကြသည်။ ယောက်ျားတို့သည် အမဲ လိုက်ခြင်းနှင့် စစ်တိုက်ခြင်း၌ ဝါသနာပါသည်။
ဇိုလူမျိုးများက ‘ဇိုဆွမ်း'(Zo generation) ဟုခေါ်သော၊ မီးဇို(Mizo)လူမျိုးများက ‘ဇိုနထလပ်'(Zo hnahthlak)ဟုခေါ်သောလူမျိုးများသည် ဗြိတိသျှအစိုးရက မသိမ်းပိုက်မှီတွင် ‘တောင်တန်းနေလူရိုင်းများ'(wild hill tribes)ဟု သတ်မှတ်ကြပြီး၊ ပိုင်နက်နယ်မြေကို’စီရင်ကင်းနယ်မြေ'(un-administered area)ဟူ၍ သတ်မှတ်ခဲ့သည်။
ဇိုဆွမ်း(ဇိုမျိုးနွယ်စု) များထဲမှ အနောက်ဘက်ပိုင်းဒေသသို့ စောစွာရောက်နှင့်သူများကို ဘင်ဂလီ(Bengali) နှင့် အာသံသား(Assamese)များက ‘ကူကီး'(Kuki) ဟု သတ်မှတ်ခဲ့ကြသည်။ ဤမှတ်တမ်းမှာ ၁ ၇၉၂ ခုနှစ်ခန့်က အင်္ဂလိပ်လို ရေးထိုးထားဟန်ရှိသည်။ ဗြိတိသျှအစိုးရသည် ၁၈၇၂ ခုနှစ် မတိုင်မှီ မီဇိုပြည်နယ်၊အိန္ဒိယကို စတင်သိမ်းပိုက်စဉ်အခါက ၎င်းဒေသတွင် လူရှိုင်းလူမျိုးအများဆုံးနေထိုင်သဖြင့် လူရှိုင်းတောင်တန်း ( Lushai Hills)ဟု မှည့်ခေါ်ခဲ့ကြသည်။
မြန်မာပြည်ဘက်တွင်မူ ချင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ သို့ရာတွင် ‘ချင်း’ဆိုသည့် ဝေါ်ဟာရ၏ အဓိပ္ပ္ပ္ပာယ်၊ စတင်ပေါက်ဖွားလာပုံနှင့် မည့်သည့်အချိန်တွင်စတင်ပေါက်ဖွားလာသည်ကို လေ့လာထားခြင်းမရှိသေးပေ။
တစ်နည်းအားဖြင့် ‘ဇို/ ဇိုမီး’လူမျိုးများကို ‘ချုင်း’ဟုခေါ်ကြခြင်းမှာ ဗမာလူမျိုးများခေါ်ကြသည်ကို မွေးစားခြင်းလော သို့တည်းမဟုတ် အင်္ဂလိပ်စစ်တပ်သည် ချင်းတောင်တန်း ကိုသိမ်းပိုက်စဉ်က အဦးဆုံးဒေသမှ တွေ့ရှိသော ရွာသူကြီး၏ အမည် ဦးခိုကျင့်(Pu Khaw Cih)ကို အစွဲပြု၍ ‘ခိုကျင့်တောင်'(ဝါ)’ကျင့်တောင်'(Khaw Cin hills/Cin hills) ဟုခေါ်ဝေါ်သည် လည်း ဖြစ်နိုင်ပါသေးသည်။
မည်သို့ပင်ဖြစ်စေကာမူ ‘ချင်း’ဟူသောအမည်ကို လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်ကြသော ဇို/ ဇိုမီးလူမျိုးများကိုသာ အခေါ်များပြီး အိန္ဒိယဘက်ရှိ ဇို/ ဇိုမီးများကိုမူ လူရှိုင်း(သို့) ကူကီးဟူသော အမည်ဖြင့်အခေါ်များပါသည်။ မျက်နှာဖြူများသည် တစ်မျိုးတစ်နွယ်တည်းပေါင်းခေါ်လိုသော အခါများတွင် ‘ဇို-ကူကီ’ (Zo-Kuki)’ဟူ၍သော်လည်းကောင်း၊မီးဇို-လူရှိုင်း’ (Mizo-Lushai)ဟူ၍ဖြစ်စေ၊’ မီးဇို- လူရှိုင်း-ကူကီး’ (Mizo- Lushai-Kuki)ဟုတစ်ဖြင့်လည်းခေါ်ခဲ့ပါသေးသည်။
ထို့ကြောင့် ဗြိတိသျှအစိုးရသည် ဇို/ ဇိုမီးလူမျိုးများကို အုပ်ချုပ်ရန်အတွက် ၁၈၉၆ ခုနှစ်တွင် ရေးဆွဲသော အက်ဥပဒေကို ‘Chin Hills Regulation Act’ ဟုအလွယ်ပင် အမည်တပ်ခဲ့သည်။ ဤစည်းမျဉ်း ဥပဒေကို ချင်းတောင်အပြင် လူရှိုင်း၊ကူကီးနှင့် နာဂ လူမျိုးများနေထိုင်ရာ ဒေသအထိပါ အသုံးပြုခဲ့သည်။
အင်္ဂလိပ်မျက်နှာဖြူများက ချင်း၊ကူကီး၊လူရှိုင်းစသည်ဖြင့် သတ်မှတ်ကြသော်လည်း ၎င်းတို့ကိုယ်တိုင်ပင် “သူတို့ကိုသူတို့တော့ ချင်းရယ်၊ကူကီးရယ်လို့ ‘လုံးဝ’ မခေါ်ကြပေဘူး”ဟုပြောစမှတ်ပြုကြသည်။ ဂျေဂျီစကော့(J.G Scott)၏ ‘Burma’ စာအုပ်တွင် “The names Kuki and Chin are not national, and like others, the people do not accept the name given to them by the Burmese and ourselves; they do not call themselves Chins and they equally flout the name of Kuki which their Assamese and Bengali neighbours use. They call themselves Zhou or Shu, and on other parts Yo(Zo) or Lai”ဟုရေးသားထားသည်။
ဒေါက်တာ ဂျီအေဂရေဆွန်သည်လည်း အခြားသူများနည်းတူ ရေးသားခဲ့သေး၏။ Bertram S. Carey နှင့် H.N Tuck တို့နှစ်ဦးသည်လည်း Zote, Thadote နှင့် Guite အကြောင်းပူးတွဲရေးသားရာ၌ ” These Zos, Thados and Guites are called by the Manipuri’s Kuki or Khongjais, who only made their acquaintance after they had migrated north, but the people call themselves by the name of Zo(Yo)”ဟုရေးသားထား၏။
ဂွေးသဲ (Guite) တိုက်သူကြီး (သို့) စော်ဘွား ဦး ဂိုခိုထန် (Pu Go Khaw Thang)ကိုလည်း “Go Khaw Thang, who, asalready related, was seized by the Manipuris in the course of the Lushai expedition of 1871-72, was the Zo Chief of Mualpi,”ဟု ဇိုခေါင်းဆောင်းဟူ၍ သုံးနှုန်းထားသည်။ မျက်နှာဖြူများက ချင်း၊ကူကီး စသည်ဖြင့် မှတ်တမ်းမှတ်ရာများပြုထားသော်လည်း မိမိတို့သည် ချင်းအမည်ဖြင့်ဖြစ်စေကူကီးအမည်ဖြင့်ဖြစ်စေ မည်သည့်အခါမျှ မခေါ်ကြကြောင်း ရှင်းလင်းပြတ်သားစွာ သိရှိထားကြပြီးဖြစ်သည်။
အလားတူပင် ဤဆောင်းပါးတွင်လည်း ‘ဇို/ ဇိုမီး လူမျိုး’ဟု စတင်အသုံးပြုထားသည်။ ဇို/ ဇိုမီး လူမျိုးများကို သုတေသီများက Mongolianအနွယ်၊ Tibeto-Burman အထဲမှ ဖြစ်သည်ဟုဆိုကြသည်။ ‘Mongol’သည် လူမျိုးနာမည်ဖြစ်ပြီး၊’ Mongolian’မှာ ၎င်း၏ နာမဝိသေသနဖြစ်ကာ ‘Mongolia’ကား နေရာဒေသ(တိုင်ပြည်)အမည်ဖြစ်သည်။
တဖန် ‘Mongoloid’သည် ‘Mongol’ လူမျိုး၏နွယ်ဖွားမှန်သမျှကိုရည်ညွှန်းပါသည်။ ထို့ကြောင့် ဇို/ ဇိုမီး လူမျိုးများသည် ရူပလက္ခဏာကိုလိုက်၍ ကမ္ဘာ့လူမျိုးကြီးသုံးမျိုးထဲမှ ‘Mongoloid’နွယ် နှင့် ဘာသာစကားအရ ‘Mongoloid’အနွယ်သုံးမျိုးထဲမှ Tibeto-Burman များဖြစ်ကြသည်။
ဇို/ ဇိုမီး လူမျိုးများ၏ မျိုးရိုးဇစ်မြစ်(Ethnic origin)ကို တိတိကျကျ ဖော်ထုတ်ထားခြင်းမရှိသေးသော်လည်း တရုတ်ပြည်မှ တိဘက်ပြည်ကိုဖြတ်ပြီး အညာဒေသသို့ ရောက်ရှိလာကြကာ ထိုမှ ယခုနေထိုင်ရာနေရာများသို့ပျံ့နှှံ့နေထိုင်လာကြသည်ဆိုသည်မှာ လက်ခံထားကြပြီးဖြစ်သည်။ ဦးဝုမ်ဆွဏ်(Pu Vum Son)၏ အမြင်အရ လူမျိုးအမည် ‘ဇို’သည် ‘ဇို’ဟုခေါ်သောလူတစ်ဦးမှ ဆင်းသက်လာခဲ့ကြသောကြောင့်ဖြစ်သည်ဟုဆိုသည်။
Hits: 0
