ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ကနေ ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံတစ်ချို့ အိမ်ပြန်လာကြပြီလို့ သိရပါတယ်။ တီးတိန်မြို့ပေါ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့နှဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွါးမှုကြောင့်တီးတိန်မြို့ရှိ ဒေသခံများဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပြီး ယခုအခါ မြို့ပေါ်ကို ပြန်လာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

“စကောလမ်ရပ်ကွက်မှာတော့ ပုံမှန်အတိုင်းသွားလာနေကြပြီ။စျေးဆိုင်တွေလည်း ပြန်ဖွင့်နေကြပြီ။မနက်ဆို လမ်းလျှောက်ထွက်တဲ့လူတွေရောပြန်တွေ့နေရပြီ” လို့ တီးတိန်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။ မီးရှိူ့ခံရတဲ့ မြို့မရပ်ကွက်အပါအဝင် ရပ်ကွက်တစ်ချို့မှာ နေအိမ်များဟာ လက်နက်ကြီးနဲ့ မီးလောင်ပျက်စီးမှုကြောင့် ဒေသခံတစ်ချို့ပြန်စရာအိမ်မရှိတော့ကြောင်းနဲ့ ရပ်ကွက်များအတွင်းပျက်စီးသွားတဲ့ ရေပိုက်လိုင်းများကိုလည်း ပြန်လည်ပြုပြင်နေရကြောင်း ၎င်းကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ရက်နေ့မှာစစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်ကောင်စီက တီးတိန်မြို့ပေါ်ရှိ နေအိမ်အလုံး ၆၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီရဲ့ စခန်း ၂ခုကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed