အီရန်ခေါင်းဆောင် အလီခါမီနီအာဏာရှင်အုပ်ချုပ်မှုခေတ် ဆက်လက်ရှင်သန်နိုင်ရန် ခက်ခဲသွားပြီဖြစ်ခြင်းကြောင့် အမြန်ဆုံးဆွေးနွေးမှုပြုလုပ်ရန် ရုရှားသမ္မတ ပူတင်က ခါမီနီအား သတိပေးခဲ့ကာ တီဟီရန် မှ ရုရှားသံရုံးဝန်ထမ်းများကိုလည်း အမြန်ဆုံးထွက်ခွာရန် အမိန့်ပေးခဲ့သည်။ ပြီးခဲ့သည့် ဇွန် ၁၃ ရက်မှစတင်ပြီး အစ္စရေးက အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားဆိုက်များ၊ စစ်ရေး အဆောက်အအုံများနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းဗိုလ်ချုပ်များ၊ နျူကလီးယားသိပ္ပံပညာရှင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

ထို့နောက် အီရန်ဘက်မှ ရင်းနှီးသည့်ဆက်ဆံရေးရှိသော ပူတင်ထံ ဖုန်းဆက်ကာ အဆိုပါတိုက်ခိုက်မှုအတွက် အမေရိကန်အနေဖြင့် မည်သို့ ဖြေရှင်းမည်ကို သိလိုသည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် ပူတင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ဖုန်းဆက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထရမ့်ကမူ မိမိ၏ မွေးနေ့တွင် ပူတင်ဖုန်းခေါ်ဆိုမှု ပျော်ရွှင်စရာမွေးနေ့ ဆုမွန်ရသလို ထိုထက်ပိုအရေးကြီးသော အီရန်အရေး များစွာပြောဆိုဖြစ်ခဲ့ကြောင်း၊ အစ္စရေး-အီရန် စစ်ပွဲသည် ယခုပင် ပြီးဆုံးချိန်ရောက်သင့်သလို ယူကရိန်းကို ရုရှားထိုးစစ်သည်လည်း ရပ်သင့်ပြီဟု ပြန်ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

ထရမ့်နှင့်ပြောဆိုခဲ့ပြီးနောက် ပူတင်က အီရန်၏ လက်ရှိအုပ်ချုပ်မှု အစိုးရ စနစ်သည် ရှင်သန်ရန် ကြိုးတန်းလမ်းလျှောက်အနေအထား ရောက်နေပြီဖြစ်သောကြောင့် ခါမီနီအနေဖြင့် အမြန်ဆုံး ဆွေးနွေးမှသာ ဖြစ်မည်ဟု သတိပေး အကြောင်းကြားခဲ့ကြောင်း အစ္စရေး သတင်းဝက်ဘ်ဆိုက် Israel Hayom က ဖော်ပြသွားခဲ့သည်။

ဒေါ်နယ်ထရမ့်ကိုယ်တိုင်ကလည်း ဇွန် ၁၆ ရက်တွင် တီဟီရန်မှ အားလုံးချက်ချင်း ထွက်ခွာရှောင်တိမ်းသင့်ပြီဖြစ်ကြောင်း သတိပေးထုတ်ပြန်ခဲ့သလို နောက်ထပ် လေကြောင်းတိုက်ခိုက်မှု မလာခင် တီဟီရန် ပြည်သူများအားလုံး မြို့တော်မှ အားချင်းထွက်သွားကြသင့်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၆ ရက်နေ့မှာပင် တီဟီရန်မြို့တော် လမ်းများပေါ် ပြည့်ကျပ်နေသည့် ယာဉ်တန်းများစွာမှာ လမ်းပိတ်ဆို့ သည်အထိ များပြားနေပြီး လူ ၃၀၀၀၀၀ ကျော် မြို့မှ ထွက်ခွာနေကြသည်ဟု သတင်းများကဆိုသည်။ အီရန် အစိုးရကမူ အားလုံး ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် မိမိတို့အနေဖြင့် မည်သည့် အမိန့်မျှ ထုတ်ပြန်ခြင်းမရှိသေးဟုဆိုကာ ပြည်သူများထွက်ခွာမှုကို ဟန့်တားမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်