ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်၊ တုန်:ဇန်ရွာမှာ ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ZRA အဖွဲ့ က လူငယ် ၉ ဦးကို တပ်သားသစ်စုဆောင်းဖို့ အတင်းအဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ လူငယ် ဆယ်ဦးဟာ အသက် ၁၂နှစ် ‌၀န်းကျင်အရွယ် ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ခေါ်သွားတဲ့ သူတွေဟာ အသက်၁၂ နှစ်အရွယ် တွေဖြစ်ပြီး ကျောင်းနေအရွယ်တွေလည်းဖြစ်ပါတယ်။သူတို့ခေါ်သွားတဲ့ သူတွေဟာ သေနတ်ကိုင် စစ်သားလုပ်ဖို့ အရွယ်တွေမဟုတ်သေးဘူး။ ဘာကြောင့် ZRA အဖွဲ့ ကလေးတွေကို ခေါ်သွားတာလဲ ပေါ့ ” လို့ ဒေသခံတစ်ဦးက Tongsan မီဒီယာ ပြောပါတယ်။

လက်ရှိ တပ်သားသစ်စုဆောင်းခံရတဲ့ကလေးတွေရဲ့ မိဘတွေဟာ စိုးရိမ်ပူပန်နေကြပြီး မိခင်တချို့လည်း သတိလစ်မေ့မော ခဲ့တယ်လို့ သိရပါတယ်။ ZRA ရဲ့ တပ်သားစုဆောင်းမှုကြောင့် ရွာက လူငယ်တွေက ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တွန်းဇံမြို့နယ်၊ ကျီခါးမြို့နဲ့ Mauvom ရွာ ၊ Kansauzang ရွာ၊ Khuadam ရွာ တွေမှာ လည်း ဇူလိုင် ၅ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်း ZRA အဖွဲ့က တပ်သားသစ်အတွက် အိမ်တိုင်းကို စာရင်းလိုက်လံ ကောက်နေ‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ZRA တပ်ဖွဲ့ထဲ မဝင်ရင် ကျီခါးမြို့မှာ နေခွင့်မပေးဘူးလို့ ခြိမ်းခြောက်လာကြောင့် ကျီခါးမြို့က လူငယ်တွေဟာ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေး နေကြရပါတယ်။ တပ်သားသစ်စုဆောင်းခံရတဲ့ လူငယ်တွေရဲ့ လစာကိုလည်း ရွာတွေကပဲပေးရမယ်လို့ ZRA ပြော‌ ကြောင်း ဒေသခံ‌ေတွက ပြောပါတယ်။ ZRA ရဲ့လုပ်ရက်ဟာ စစ်ကောင်စီတပ်ရဲ့လုပ်ရပ်‌ တွေထက် ပိုဆိုးရွားနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed