ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်က စစ်အုပ်စုသိမ်းပိုက်ထားတဲ့ ကနေဒီတောင်ကုန်းကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို တိုက်ပွဲတွင် စစ်အုပ်စုဘက်က ဆေးတပ် ဗိုလ် ၁ ဦးအပါအဝင် ၇ ဦးပွဲချင်းပြီး သေဆုံးပြီး စစ်အုပ်စုခြေလျင်တပ်ရင်း ခလရ -၂၆၉ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် အပါအဝင် ၄ ဦးအပြင်းအထန် ဒဏ်ရာရကာ တီးတိန်မြို့ သို့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံပြောပါတယ်။ ရှိခဲ့ကြောင်း ချင်းညီနောင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက ကလေး – နတ်ချောင်း – ဝေဘူလမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်း ကလေးမြို့ ကလေး – တီးတိန် – လမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်းအား ၇၀၀ ခန့်ပါတဲ့ စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်နေတာ ဖြစ်ပါတယ်။
စစ်ကြောင်းတွေ ဝင်ရောက်ပြီးနောက် စစ်အုပ်စုတပ်တွေက ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကနေဒီတောင်ကုန်းနဲ့ ဝေဘူလမြို့ကို တပတ်အကြာ ပြန်လည် ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုတပ်တွေ ထိန်းချုပ်ထားတဲ့ ကနေဒီတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်တွေက နိုဝင်ဘာလ ၁၇ ရက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သလို သိုင်းငင်းကျေးရွာနဲ့ တာဝါတိုင်ကုန်း စစ်အုပ်စုစခန်းကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ချင်းညီနောင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“PDF -Zoland က ကနေဒီတောင်ကိုပြန်ရတယ်။ သိုင်းငင်းတာဝါတိုင်ကုန်းကို ထိုးစစ်ဆင်နေတယ် တိုက်ပွဲအတွင်းမှာ အနောက်မြောက်တိုင်း(နခမ)တိုင်းမှူးအမိန့်နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခြေလျင်တပ်ရင်း -ခလရ ၅၀ တပ်ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့ကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ကာ ကနေဒီတောင်တိုက်ပွဲကို ဦးဆောင်ကွပ်ကဲနေတဲ့ ခလရ -၂၆၉ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းရရှိခဲ့တာကြောင့် တီးတိန်မြို့ပေါ်က ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ” PDF -Zoland စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကနေဒီတိုက်ပွဲမှာ ဒဏ်ရာရတာ။ မုံရွာ နမခ စစ်တိုင်းမှူးအမိန့်နဲ့ မကွေးကနေ ပြောင်းလာတာ ၊ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ်တဲ့ တီးတိန်ဆေးရုံကြီးမှာ ဆေးကုနေတယ်” ဒါ့အပြင် သိုင်းငင်းတာဝါတိုင်ကုန်းကို ထိုးစစ်ဆင်ချိန်မှာလည်း စစ်အုပ်စုတပ် ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားတပ်ဦး(CNA/CNF)က ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ တော့ ကလေး-တီးတိန် -ဖလမ်းလမ်းကြီး တလျောက်နဲ့ ဖလမ်းမြို့ အနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲ ပြင်းထန်နေပြီးတော့ စစ်အုပ်စုက လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ချင်းပြည်နယ် တီးတိန်နဲ့ ဖလမ်းမြို့နယ်တွေကို စစ်ကြောင်းသုံးကြောင်းနဲ့ သုံးပတ်နီးပါးအကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေက နို ဝင်ဘာ ၁၈ ရက်မှာ ဖလမ်းမြို့နဲ့ ၁၄ မိုင်ခန့် အကွာကို စစ်ကြောင်းတွေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်မှာတော့ ချင်း တော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင်မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊ တီးတိန် ၊ ခိုင်ကမ်းမြို့ နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ဝေဘူလမြို့အပါအဝင် မြို့ငါးမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပါတယ်။





Hits: 0
