ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ မွာလ်ကွေးရွာရှိ ဇိုမီးတော်လှန်ရေးတပ် (ZRA) ရဲ့ စခန်းကို CDF-Tonzang တပ်ဖွဲ့က ဇွန် ၉ ရက်နေ့မနက်ပိုင်းမှာ ၀င်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်လို့ CDF တွန်းဇံက မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်းမှာ ZRA တပ်ဖွဲ့၀င် နှစ်ဦးကျဆုံးခဲ့ပြီး တစ်နာရီ၀န်းကျင်လောက် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

ကားတစ်စီး၊ ဒရုန်း နှစ်စင်း၊ ဆိုင်ကယ် ခုနှစ်စီး၊မီးစက် တစ်လုံး၊ ကျည်ဘောက်နဲ့ မောင်းပြန် သေနတ်လေးလက်၊ ကျည်ဆန်တစ်ချို့နဲ့အခြားပစ္စည်းတွေကိုပါ သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။ ZRA စခန်းကို CDF Tonzang ခေါင်းဆောင်နာမည်ကိုအစွဲပြုပြီး ဇိုမိုးမုန် စစ်ဆင်ရေးအမည်နဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ZRA တပ်ဖွဲ့ဟာ ကျီခါး၊ စိန်ဂဲလ်း၊ မွာလ်ကွေးရွာတို့ကနေ အစပြုကာ တွန်းဇံမြို့ကို နှစ်ကြိမ်တိတိလာရောက် တိုက်ခိုက် ကြသလို တွန်းဇံမြို့ကို ပြန်လည်တိုက်ခိုက်သိမ်းယူမယ်ဆိုပြီး မကြာခဏသတင်းထုတ်လွှင့်ခဲ့တာကြောင့် CDF-Tonzang အနေနဲ့ ကြိုတင်ကာကွယ်ရေးအတွက် တိုက်ခဲ့တာလို့ CDF တွန်းဇံက ပြောပါတယ်။အရင်မွာလ်ကွေးတိုက်ပွဲမှာ ကျန်ရှိနေတဲ့ CDF တွန်းဇံတပ်ဖွဲ့၀င် ရဲဘော် လေးဦးရဲ့ အလောင်းတွေကို ပြန်လည်ရယူလိုတာကြောင့်လည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက တွန်းဇံမြို့ရှိ CDF တွန်းဇံတပ်ဖွဲ့ကို ZRA တပ်ဖွဲ့က တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်။ နာ့ဇန်ရွာ နဲ့ ဘွေန်မွလ်ရွာက ဒေသခံနေအိမ်တွေလည်းမီးရှို့ခံရပြီး ZRA နဲ့ CDF Tonzang တို့အပြန်အလှန် စွဲစွပ်ခဲ့ကြပါတယ်။လက်ရှိ တွန်းဇံမြို့ကို CDF တွန်းဇံက ထိန်းချုပ်ပြီး အုပ်ချုပ်ရေး လည်ပတ်နေတာလည်း ဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed