အီရန်နိုင်ငံအတွင်း ဆန္ဒပြပြည်သူ ၅,၀၀၀ ကျော် သေဆုံးခဲ့ရသည့် အကြမ်းဖက်နှိမ်နင်းမှုများနှင့် နျူကလီးယားအစီအစဉ် ပြန်လည်စတင်ရန် ကြိုးပမ်းမှုများကြောင့် အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln အပါအဝင် ရေတပ်ကြီးတစ်ခုသည် အီရန်နိုင်ငံဘက်သို့ ဦးတည်ချီတက်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၃ ရက်တွင် အတိအလင်း သတိပေးပြောကြားလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ် (Davos) မြို့၌ ကျင်းပသည့် ဖိုရမ်မှ အပြန်ခရီးတွင် သမ္မတထရမ့်က “ကျွန်တော်တို့မှာ အဲဒီဘက်ကို ဦးတည်နေတဲ့ ရေတပ်ကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသုံးမပြုရဖို့ မျှော်လင့်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းက အီရန်အစိုးရအနေဖြင့် ဆန္ဒပြသူများကို သတ်ဖြတ်ခြင်း ရပ်တန့်ရန်နှင့် နျူကလီးယားစီမံကိန်းများ ပြန်လည်မစတင်ရန် ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

အမေရိကန်အရာရှိများ၏ အဆိုအရ အာရှ-ပစိဖိတ်ဒေသမှ စတင်ထွက်ခွာလာသော အဆိုပါရေတပ်ဖွဲ့တွင် လေယာဉ်တင်သင်္ဘော USS Abraham Lincoln နှင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများ ပါဝင်ပြီး ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ (Air Defense Systems) ကိုပါ ထပ်မံဖြည့်တင်းရန် စဉ်းစားနေသည်ဟု ဆိုသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed