ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ဦးတည်ပြီး ၄ လကျော်ကြာ ထိုးစစ်ဆင်နေသည့် အင်အားထောင်ချီပါ စစ်ကော်မရှင်တပ် စစ်ကြောင်းများကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းလဲန်အစိုးရ (Chinland Government) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ၊ ပြီးခဲ့သည့် ၂ လကျော်အတွင်း အရာရှိ ၉ ဦးအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ချင်းလဲန်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဖေဖော်ဝါရီ ၈ ရက်တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

ကလေး-ဖလမ်း လမ်းကြောင်းကို စိုးမိုးရန် ကြိုးပမ်းနေသည့် စစ်ကော်မရှင်တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၉ ရင်းမှ အင်အားတစ်ထောင်ကျော်ကို ချင်းလဲန်အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း (၂)၊ (၃) နှင့် (၄) တို့က ဟန့်တားတိုက်ခိုက်နေခြင်းဖြစ်သည်။ နေ့စဉ်ရက်ဆက်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ အရာရှိ ၉ ဦး အပါအဝင် ၂၀၀ ကျော် သေဆုံးခဲ့သည့်အပြင်၊ စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

စစ်ကော်မရှင်တပ်သည် မြေပြင်တွင် အကျအဆုံးများပြားလာသဖြင့် Jet Fighter နှင့် Y-12 လေယာဉ်များအသုံးပြုကာ အကြိမ် (၅၀) ကျော် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဗုံးသီးပေါင်း ထောင်နှင့်ချီ ကြဲချခဲ့သည်။ ထို့အပြင် အသေခံဒရုန်းများကိုလည်း အဓိကအသုံးပြုလာသော်လည်း ချင်းပူးပေါင်းတပ်များက စစ်ကော်မရှင်တပ်၏ ဒရုန်းအချို့ကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။

ဖလမ်းမြို့သည် ချင်းပြည်နယ်မြောက်ပိုင်း၏ အချက်အချာကျသော မြို့ဖြစ်ပြီး လက်ရှိတွင် ချင်းညီနောင် (Chin Brotherhood) နှင့် ချင်းလဲန်ကောင်စီ (Chinland Council) အဖွဲ့ဝင်များက စိုးမိုးထားသည်။ စစ်ကော်မရှင်တပ်အနေဖြင့် ကလေးမြို့မှတဆင့် ရိက္ခာနှင့် စစ်ကူပို့ဆောင်နိုင်ရန်အတွက် ဤလမ်းကြောင်းကို ပြန်လည်ရယူရန် အပြင်းအထန် ကြိုးပမ်းနေခြင်းဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed