CB Operation MJ စစ်ဆင်ရေးဖြင့် ဖလမ်းမြို့သိမ်းတိုက်ပွဲဆင်နွဲစဉ်မှာ CNA ကဖလမ်းမြို့နယ်အတွင်း CDF အဖွဲ့သစ်ဖွဲ့စည်းဖို့ နိုဝင်ဘာလ ၁၅ ရက်ကစပြီး ယမန်နေ့အထိ တစ်ရွာဝင်တစ်ရွာထွက်စည်းရုံးရေးဆင်းနေလို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ လက်နက်အပြည့်အစုံနဲ့ CNA တပ်သား အင်အား ၂၀ တို့ဟာ ကားတစ်စီး ဆိုင်ကယ်များနဲ့အတူ ဘွာလ်ခွာကျေးရွာ၊ ဖိုင်ဇောလ်ကျေးရွာ၊ ငမွာလ်ကျေးရွာနဲ့ အခြား ကျေးရွာ ၅ရွာသို့ စည်းရုံးရေးဝင်သွားပြီလို့သိရတယ်။
Ngawn Union Council က ၎င်းတို့နယ်ထဲမှာ CNO/CNDF မှအပအခြားလက်နက်ကိုင်က စည်းရုံးလှုပ်ရှားတာ၊ အသစ်ဖွဲ့စည်းတာမရှိဖို့ စာထုတ်ပြန်ထားပြီး ယင်းစာကိုလည်း Chinland Council ထံလည်းပေးပို့ထားတယ်လို့သိရတယ်။ CNO မူမှာလည်း ဖလမ်းမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သာ ရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ဖလမ်းမြို့နယ် Ngawn မျိုးနွယ်စုဒေသခံတစ်ဦးက “အရင်ကတည်းက Ngawn နယ်မြေဟာ ဖလမ်းနဲ့ခွဲခြားလို့မရအောင် ဘာသာရေး၊ အုပ်ချုပ်ရေးနဲ့ဆက်နွယ်နေတယ်။ ၂၀၂၂ ခုနှစ်ကစပြီး Ngawn ဧရိယာမှာ ချင်းရိုးရာဓလေ့အသုံးပြုပြီး Ngawn Union Council နဲ့ ရပ်ကျေးလူကြီးတွေက အုပ်ချုပ်ရေးလည်ပတ်ခဲ့တယ်။
အဲ့ဒါကို မထင်မဲ့မြင်ပြုပြီး CNF/A က ကျနော်တို့ဧရိယာမှာ သေနတ်ပြပြီး ပိုရှုပ်လာအောင်လုပ်နေတာတော့ ဝမ်းနည်းတယ်။ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကစပြီး CNF/A က Ngawn ဧရိယာမှာ ဖင်ခေါင်ကျယ်စွာ သူတို့ အတင်းပိုက်ဆံကောက်တယ်။ ရွာသားတွေကို ကြိုက်သလိုရိုက်ကြတယ်။ ခုချိန်ထိ Ngawn ဧရိယာမှာခြေရှုပ်လာကြလို့ စိတ်မကောင်းဖြစ်မိတယ်။ အခုကိစ္စက တပ်သားသစ်စုဆောင်းပြီး Ngawn CNA အဖွဲ့ဖွဲ့ဖို့ ရည်ရွယ်ထားတယ်။ အရင်တုန်းက CDF Ngawn ဖွဲ့ဖို့လုပ်ပေမယ့်မအောင်မြင်လို့ နည်းလမ်းသစ်ပြန်ရှာတာဖြစ်မယ်” လို့ပြောပါတယ်။
အောက်တိုဘာ ၄ ရက်ကနေ လကုန်ထိ Ngawn ဧရိယာမှာ CNA/F ကစည်းရုံးရေးဆင်းပြီး တပ်သားသစ်စုဆောင်းရေးလုပ်ကြတယ်လို့သိရတယ်။ မနှစ်ကလည်း CNA/F တွေဟာ ငွာန်နယ်သို့စည်းရုံးရေးဆင်းကာ ဖလမ်းမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ပေါ်ပေါက်လာရန် နှိုးဆော်ခဲ့ကြတယ်လို့သိရတယ်။
Hits: 0