ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာလုပ်ကွက်ရှိ ၁၁၁ ကုမ္ပဏီပိုင် မြေသယ်ကားနှင့်ဘက်ဟိုးကား (Backhoe Loader) များကို စစ်တပ်က မီးဝင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ဖားကန့်မြို့၊လုံးခင်းကျေးရွာအုပ်စု၊ မှောင်စီဇာလုပ်ကွက်ရှိ ၁၁၁ ကုမ္ပဏီပိုင် မြေသယ်ကား ၂ စီး၊ ဘက်ဟိုးကား ၃ စီး စုစုပေါင်း ကား ၅ စီးကို စစ်ကောင်စီတပ်ကများက ဝင်ရောက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မေလ ၃၁ ရက်နေ့ကလည်း ၁၁၁ ကုမ္ပဏီထဲကို ဝင်ပြီး အဆောင်တွေကို မီးရှို့တယ်။ ပြီးတော့ ဒီနေ့ မှာ ကားတွေကို ထပ်မီးရှို့တယ်။ ရှို့တဲ့ စစ်တပ်က မေလ ၃၁ ရက်နေ့က ရှို့တဲ့စစ်ကြောင်းပဲ။ မီးရှို့ပြီး ဟိုနေ့က ပြန်ထွက်သွားတယ်။ ဒီမနက် ပြန်လာ မီးရှို့တာ။ အဲဒီစစ်တပ်က ဘုရားကုန်းနားမှာ တပ်စွဲထားတဲ့ စစ်တပ်ပါ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောဆိုသည်။

ဧပြီလမှစတင်၍ အကြမ်းဖက်စစ်တပ်က ဖားကန့်သို့ စစ်အင်အား ၆၀၀ ကျော်ဖြင့် စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်ခဲ့ပြီး လမ်းတစ် လျှောက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလနှောင်းပိုင်းတွင် စစ်တပ်စစ်ကြောင်းများ ဖားကန့်မြို့သို့ ရောက်ရှိလာပြီး စစ်တပ်ကလည်း ၎င်းတို့ ဖြတ်သန်းလာရာ လမ်းတစ်လျှောက်တွင် အရပ်သားပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့ပြီး လုံးခင်းမှ ပြည်သူ ၅ ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed