ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စွဲထားသော နေရာ ၂ ခုကို အောက်တိုဘာ ၁၀ရက် မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဗန်းမော်မြို့ အထက (၁) အနီး စစ်ကောင်စီတပ် ခြေကုတ်ကင်း စခန်း ၃ ခုကိုလည်း မနေ့က အောက်တို ဘာလ ၈ ရက်နေ့ နှင့် အောက်တိုဘာလ ၉ ရက်နေ့တို့တွင်ရှင်လင်းသိမ်းပိုက်နိုင်တယ်လို့ အတည် ပြုပါတယ်။ “မနေ့ကနဲ့ ဆို ၅နေရာသိမ်းနိုင်တာဟုတ်တယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာလမှာ ဗန်းမော်တိုက်ပွဲတွေ ပြင်းထန်နေပြီးစစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် ၃၀ဦးကျော် သေဆုံးမှုရှိခဲ့တယ်လို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာနက ဗန်းမော်မှာတိုက်ပွဲတွေ ပြင်းထန်နေတာကို သတင်းထုတ်ပြန်အသိပေးထားပါတယ်။ စစ်ကောင်စီတပ်စွဲရာနေရာတွေ သိမ်းပိုက်နိုင်တာနဲ့ပတ်သက်ပြီးမေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကိုဆက်သွယ်ထားဆဲဖြစ်ပါတယ်။

KIA ဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်စခန်း၊ တပ်ရင်းဌာနချုပ်တွေ သိမ်းပိုက်ထားပါတယ်။ စစ်ကောင်စီကလည်း အခုနှစ် ဩဂုတ်မှာစစ်အင်အားတွေ ရေကြောင်းက ဖြည့်တင်းပြီး တန်ပြန်ထိုးစစ်ဆင်လာလို့ KIA သိမ်းထားတဲ့ နေရာအချို့ ပြန်လည်လက်လွှတ်ခဲ့ရတဲ့ အခြေအနေမှာ အပြန်အလှန် ထိုးစစ်ဆင်မှုတွေ ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်ကာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ ကာကင်းစခန်းတွေ ပြန်လည်လက်လွှတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed