မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်အနောက်ရွာကို အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၅ ဦး သေဆုံးခဲံ ပြီး သူ ၅ ဦးမှာ အသက် ၆ နှစ်မှ ၁၂ အရွယ် ဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၆ နှစ်အရွယ် စောထွန်းထွန်းမင်း ၊ အသက် ၇ နှစ်အရွယ် စောလင်းထက်သာ၊ အသက် ၉ နှစ်အရွယ် နော်မဂ်လာဖော ၊ အသက် ၁၀ နှစ်အရွယ် နော်မစန်းမြင့် နှင့် အသက် ၁၂ နှစ်အရွယ် နော်မသန်းသန်း တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူ ၇ ဦး ထက်မနည်း ရှိကြောင်း သိရှိရသည်။

” အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်လို့ သေဆုံးတဲ့ သူတွေက ကလေးငယ်တွေပဲလို့ ထပ်သိရတယ်။ အသက် ၆ နှစ်ကနေ ၁၂ အရွယ် ကလေးငယ် ၅ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်။ နေအိမ်တွေ ပျက်စီးတာလည်းရှိတယ်” ဟု ဒေသပြည်သူက ပြောဆိုသည်။ အလားတူ ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က တနင်္သာရီမြို့နယ်၊ တကူရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁ ဦးအပါအဝင် လမ်းသွားလမ်းလာပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed