ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စု အရေးကို တော်လှန်ရေးကာလ အလွန်မှာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြရန် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။

“အချင်းချင်းကြား နားလည်မှုလွဲမှားစေသော အပြောအဆို၊ အပြုအမူများအားလုံးကို ရှောင်ရှား၍ ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်တိုက်ပွဲဆင်ကြရန်နှင့် မိမိတို့ချင်းပြည်အတွင်းရှိ နယ်မြေဒေသ/မျိုးနွယ်စုအရေးများကို တော်လှန်ရေးကာလအလွန်တွင် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာကြရန်ဖိတ်ခေါ်လိုပါသည်” ဟု ချင်းနွေဦးတော် လှန်ရေးလက်နက်ကိုင် ၁၈ ဖွဲ့က ယနေ့ဇွန်လ ၁၉ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချင်းနွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့အနေဖြင့် နွေးဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား လေးစားမှုရှိပြီး စည်းလုံးညီညွတ်ရေးအတွက်အမြဲမျှော်လင့်လျှက်ရှိသည်ဟုဆိုသည်။

ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်တိုက် ထုတ်ရန်၊ ချင်းလူမျိုးနှင့် ပိုင်နက်နယ်မြေများကို ခုခံကာကွယ်စောင့်ရှောက်ရန်နှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထုနှင့်အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြရန် အဆင်သင့်ရှိ သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်ရှိချင်းပြည်အတွင်း တော်လှန်ရေးအဖွဲ့များအကြား မကြာခဏ အချင်းချင်းပွတ်တိုက်မှုဖြစ်ခြင်း၊ အငြင်းပွားမှု များကို လက်နက်ဖြင့် ဖြေရှင်းရန်ကြိုးစားခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူများအကြား စည်းလုံး ညီညွတ်မှုအားနည်းလာခြင်းတို့သည် ပြည်သူ့တော်လှန်ရေးခရီးကို နှောင့်နှေးမှေးမှိန်သွားစေနိုင်သည့်အပြင် ချင်းလူ မျိုးများ၏ တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်လည်း ကျရှုံးသွားနိုင်သည်ဟု ဖော်ပြထားသည်။

ယခုထုတ်ပြန်ကြေညာချက်ကို Zotung Federal Council/ CDF-Zotung, CDF-Matupi, CDF-Kalay-Gabaw-Gangaw, CDF-Hakha Central Council, CDF-Thantlang, Lautu Region People Administration/ CDF-Lautu, Zopheiram Council/ CDF-Zophei, Maraland Council/ CDF-Mara, Paletwa Council/ CDF-Paletwa, Mindat Council, Senthang Central Council / SRF, Tedim Township Council / PDA, Thado Council / CDF-Thado, Tonzang Township Council / CDF-Tonzang, Siyin Regional Council / CDF-CDM-Siyin, Kanpetlet Council, Zanniatland People’s Organization / CDF-Zanniatram, Hualngoram People’s Organization / CDF-Hualngoram စသည့် ၁၈ ဖွဲ့တို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Hits: 0

Byadmin

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You missed